May 1, 2011

Native Orchids

Binomial Name : Dendrobium Transparens

မြန်မာလို (မနှင်းဖြူ) လို့ခေါ်ကြပြီး ကချင်ပြည်နယ်မှာ ပေါက်ရောက်ပါတယ်။  မတ်လနှင့်ဧပြီလ မှာပွင့်တတ်ပြီး အပွင့်အရွယ်အစားအားဖြင့် ၂စင်တီမီတာမှ ၂.၅ စင်တီမီတာအထိ ရှိတတ်ပါတယ်။  ပန်းပွင့် ဗဟိုမှာ ခရမ်းရောင်ဖြစ်ပြီး ပွင့်ချပ် နှုတ်ခမ်းသားဘက်သို့ အဖြူရောင်ဘက်သို့ သမ်းသွားသော အပွင့်မျိုးဖြစ်သည်။  တခိုင်လျှင် ၁ပွင့် (သို့) ၂ပွင့် ပွင်တတ်ပါတယ်။

Scientific Classification
Kingdom: Plantae
Division: Magnoliophyta
Class: Liliopsida
Order: Asparagales
Family:Orchidaceae
Subfamily: Epidendroideae
Tribe: Dendrobieae
SubTribe: Dendrobiinae
Genus: Dendrobium
Species: Den. transparens


Binomial Name : Cymbidium Eburneum

မြန်မာ အခေါ် (ပန်းသက်ရှည်ဖြူ) လို့ခေါ်ပြီး ကချင်ပြည်နယ်မှာ ပေါက်ရောက်တတ်ပြီး၊ ပန်းပွင့်ကာလက ဖေဖေါ်ဝါရီ နှင့် မတ်လမှာ ပွင့်ပါတယ်။  ပန်းပွင့် အရွယ်အစားမှာ ၁၀ စင်တီမီတာမှ ၁၅စင်တီမီတာ ရှိပါတယ်။  ပွင့်ချပ်မှာ အဖြူရောင်ဖြစ်ပြီး အပွင့်ဗဟိုချက်မမှာ ထူထဲပြီး ၃စင်တီမီတာ မှ ၅စင်တီမီတာခန့် ရှည်ရှားသော မြောင်းတစ်ခုကဲ့သို့ အတွင်းဘက်သို့ နစ်ဝင်သွားပြီး အတွင်းဘက်ပိုင်းတွင် ရွှေရောင် အဆင်းရှိသည်။  တခိုင်လျှင် ၁ပွင့် (သို့) ၂ပွင့် ပွင်တတ်ပါတယ်။

Scientific Classification
Kingdom: Plantae
Division: Magnoliophyta
Class: Liliopsida
Order: Asparagales
Family:Orchidaceae
Subfamily: Epidendroideae
Tribe: Cymbidieae
SubTribe: Cyrtopodiinae
Genus: Cymbidium
Species: Cym. eburneum

Binomial Name : Paphiopedilum Charlesworthii
မြန်မာအခေါ် (မြွေမင်းသား) လို့ခေါ်ပြီး ရှမ်းပြည်နယ်မှာ ပေါက်ရောက်တတ်ပါတယ်။  ပန်းပွင့်ရာသီဟာ ဂျူလိုင်လနှင့် စက်တင်ဘာလကြားမှာ ပွင့်တတ်ပါတယ်။  ပွင့်ချပ်များမှာ ခရမ်းရောင်နှင့် ပန်းနုရောင်သမ်းပြီး မဲနက်သော အကြောများ ရှိတတ်ပြီး အရံပွင့်ချပ်များမှာ အဝါရောင်နှင့် အညိုရောင် သမ်းပါသည်။  ပန်းပွင့်အလယ်တွင် ရှိသော ဝတ်ဆံဖိုလေးမှာ အဖြူရောင် ရှိပါသည်။

Scientific Classification
Kingdom: Plantae
Division: Magnoliophyta
Class: Liliopsida
Order: Asparagales
Family:Orchidaceae
Subfamily: Cypripedioideae
Tribe: Cypripedioideae
SubTribe: Paphiopedilinae
Genus: Paphiopedilum
Species: Paph. charlesworthii

ကိုးကား။
http://www.myanmarorchid.com/orchids.htm
http://orchids.wikia.com/wiki/Main_Page
http://en.wikipedia.org/wiki/Orchidaceae

0 ခုမှတ်ချက်ေပးထားတယ်။:

Post a Comment