ကွန်ပြူတာထဲက Software တွေကို နောင်လာမယ့် အနာဂတ်မှာ Install လုပ်စရာမလိုတော့ပါဘူး အကုန်လုံး Online မှာပဲ အဆင်သင့် ဆောင်ရွက်နိုင်တော့ပါမယ်။ အဲ့ဒီလို Online ကနေ လုပ်ဆောင်နိုင်တဲ့ Website တွေထဲက အခုကျွန်တော် နှစ်သက်မိတဲ့ Website လေးကတော့ Aviary ဆိုတဲ့ Site လေးပါ။ တော်တော်လေး ကောင်းတယ် ဒီ Site လေးထဲမှာ ဘာတွေလုပ်လို့ရလည်းဆိုတော့...
ဒီ Creation ပိုင်းဆိုင်ရာတွေ လုပ်လို့ရပါတယ်။ Professional နီးပါးပါပဲ။ ဒီ Creation Tools တွေကို Flash တွေနဲ့ ဖန်တီးထားပြီး အသုံးပြုရတာလည်း လွယ်ကူပါတယ်။ ဥပမာ။ Photoshop အေခြခံရှိတဲ့သူအနေနဲ့ Image Editor, Vector Editor, Image Markup စတာတွေဟာ လွယ်ကူပါလိမ့်မယ်။ ကျွန်တော်ကတော့ Audio Editor ကို စမ်းသုံးကြည့်ထားပါတယ်။
ဒါ...ကျွန်တော် mp3 ဖိုင်တစ်ဖိုင်ထည့်ပြီး effect တွေ ထည့်နေတာပါ။
ဒါကတော့ ကျွန်တော် ရောသမမွှေ လုပ်ကြည့်နေတာပါ။
တော်တော် ကောင်းတဲ့ Website လေးပါ။ ဒီ site လေးကိုသုံးဖို့ account တစ်ခုရှိမှ ဖြစ်မှာပါ။ ဒီ account အတွက်ကတော့ မပူပါနဲ့ ကျွန်တော်တို့မှာ...
ဒီအကောင့်တွေ ရှိပြီးသားဆို ဒီအကောင့်တွေနှင့်ဝင်ပြီး အလွယ်တကူ သုံးလို့ရပါတယ်။ ဘယ်လောက် အဆင်ပြေလည်း။ ကျွန်တော်ကတော့ facebook အကောင့်နှင့် အသုံးပြုထားပါတယ်။
ကိုစစ်ကိုင်း
မှတ်စုရေးသူအကြောင်း
sagaing /
Software Engineer
နာမည်အရင်းမှာ လှိုင်မင်းထက်ဖြစ်ပြီး၊ ကိုစစ်ကိုင်းဆိုသည့် နာမည်ပြောင်နှင့် မိတ်ဆွေ၊ သူငယ်ချင်းများက ရင်းနှီးစွာခေါ်ကြပါသည်။ ယခင်ကမြန်မာနိုင်ငံတွင် သင်ကြားရေး နှင့် Software Development လုပ်ငန်းများတွင် ဝင်ရောက်လုပ်ကိုင်ခဲ့ပြီး၊ ယခုလက်ရှိမှာ စင်ကာပူနိုင်ငံရှိ နည်းပညာကုမ္ပဏီတစ်ခုတွင် ဝင်ရောက်လုပ်ကိုင်နေပါသည်။
0 ခုမှတ်ချက်ပေးထားတယ်။:
Post a Comment