Oct 15, 2010

Google Street View API အသုံးပြုခြင်း

sagaing

Street View ဆိုတာ Google Map မှတဆင့် မိမိကြည့်ချင်တဲ့ ‌နေရာတစ်ခုမှပုံရိပ်‌တွေကို 360 degree လှည့်ပတ်ကြည့်ရှုနိုင်တဲ့ Google ရဲ့ နည်းပညာတစ်ခုဖြစ်ပါတယ်။  Street View က Flash plugin ကိုအသုံးပြုပြီး အလုပ်လုပ်တာပါ။  အခုအချိန်မှာ Browsers ‌တော်တော်များများဟာ Flash plugin ကို supported လုပ်နိုင်ပါတယ်။  ‌နောက်ဆုံး Street View နည်းပညာမှာ ထပ်‌ပေါင်းထည့်ထားတာက မိမိကြည့်‌နေတဲ့ ‌နေရာတစ်ခုမှ ဓါတ်ပုံ‌တွေကိုပါ Panaramio နှင့် Picasa Website ‌တွေမှ တဆင့် Street View မှာ စုစည်း‌ဖေါ်ပြပေးတဲ့ လုပ်‌ဆောင်ချက်ပါ ပါဝင်လာပါပြီ။  Street View ဟာ Client Code နှင့် အလုပ်လုပ်တာ‌ေကြာင့် HTML Page ‌တွေမှာ‌ရော Server Page ‌တွေမှာပါ အလုပ်လုပ်နိုင်ပါတယ်။  Street View ကို Web Page တစ်ခုမှာ အသုံးပြုမယ်ဆိုရင် Street View API ကို အခုလိုလှမ်း‌ခေါ်ထားရပါမယ်။

<scriptsrc="http://maps.google.com/mapsfile=api&amp;v=2.x&amp;key=ABQIAAAAkSMDTOtwTPM0TC1KBP9nTBTwL9WvRaWIiG8lhvgtZ1YK86EPWhRsBP4eCzj2VdeliUAYQ39q3qYXrQ" type="text/javascript"></script>

(Street View API)

API ကိုလှမ်း‌ခေါ်တဲ့အခါမှာ Script Tag နဲ့လှမ်း‌ခေါ်ရပါတယ်။  Title Tag ‌တွေ Meta Tag ‌တွေရဲ့‌အောက်ဆုံးမှာ ‌ရေးရပါတယ်။  ပြီးရင် လိုအပ်တဲ့ JavaScript အချို့ရယ် ပြီးတော့ Div Tagဖြင့် Layer တစ်ခုရယ် ဖန်တီးရပါတယ်။  အခု JavaScript ထဲမှာ lat နှင့် lng ကို နမူနာအ‌နေဖြင့် Singapore က River Valley Road ‌ပေါ်မှာရှိတဲ့ ‌နေရာတစ်ခုရဲ့ latitude နှင့် longitude တန်ဖိုးကိုထည့်ထားပါတယ်။  GLatLng() ဆိုတဲ့ Method က APIကို လှမ်း‌ခေါ်ထားတဲ့အတွက် API က Support လုပ်‌ပေးတဲ့ Method ပါ။  Street View ကို အလုပ်လုပ်‌စေတာ က‌တော့ GStreetviewPanorama ဆိုတဲ့ Object ပဲဖြစ်ပါတယ်။  ဒီ Object က API နှင့် Street View Flash Viewer ကြားထဲက Interface တစ်ခုဖြစ်ပါတယ်။  သူ့ထဲမှာ Div Layer နှင့် panoramaOptions Parameter နှစ်ခုထည့်‌ပေးရပါတယ်။


    <script type="text/javascript">

    var myPano;

    var lat = "1.295892";

    var lng = "103.838284";

    function initialize() {

        var rivervalleyroad = new GLatLng(lat, lng);

        panoramaOptions = { latlng:rivervalleyroad };

        myPano = new GStreetviewPanorama(document.getElementById("pano"), panoramaOptions);

        GEvent.addListener(myPano, "error", handleNoFlash);

   }

   function handleNoFlash(errorCode) {

        if (errorCode == FLASH_UNAVAILABLE) {

            alert("Error: Flash doesn't appear to be supported by your browser");

            return;

   }

   }

   </script>

(Street View JavaScript)

Div Layer၏ name နှင့် id ကို "pano" လို့‌ပေးထားပြီး ၎င်း Div ကို JavaScript ထဲတွင် document.getElementById() method ဖြင့် ‌ခေါ်သုံးထားပါတယ်။  ဒီ Div Layer ဟာ Street View ကိုမြင်ရမယ့် ‌နေရာပါ။

<div name="pano" id="pano" style="width: 960px; height: 400px"></div>

(Div Layer)

Street View နှင့်ပတ်သတ်ပြီး အ‌သေးစိတ်ထပ်ပြီး လေ့လာချင်ရင် ဒီမှာ ‌လေ့လာလို့ရပါတယ်။  နမူနာ‌တွေလည်း ရှိပါတယ်။  ဒီ Street View ဟာ Google ရဲ့ Technology ‌တွေထဲက ကျွန်‌တော်အရမ်း နှစ်သက်မိတဲ့ Technology တစ်ခုဖြစ်ပါတယ်။

ကိုစစ်ကိုင်း

မှတ်စုရေးသူအကြောင်း

sagaing / Software Engineer

နာမည်အရင်းမှာ လှိုင်မင်းထက်ဖြစ်ပြီး၊ ကိုစစ်ကိုင်းဆိုသည့် နာမည်ပြောင်နှင့် မိတ်ဆွေ၊ သူငယ်ချင်းများက ရင်းနှီးစွာခေါ်ကြပါသည်။ ယခင်ကမြန်မာနိုင်ငံတွင် သင်ကြားရေး နှင့် Software Development လုပ်ငန်းများတွင် ဝင်ရောက်လုပ်ကိုင်ခဲ့ပြီး၊ ယခုလက်ရှိမှာ စင်ကာပူနိုင်ငံရှိ နည်းပညာကုမ္ပဏီတစ်ခုတွင် ဝင်ရောက်လုပ်ကိုင်နေပါသည်။

0 ခုမှတ်ချက်ပေးထားတယ်။:

Post a Comment

ကိုစစ်ကိုင်း၏ မှတ်စုများ. Powered by Blogger.