တစ်နေ့က အလုပ်နှင့်ပတ်သက်တဲ့ အင်တာဗျူးတစ်ခု အွန်လိုင်းကနေဖြေဖြစ်တယ်။ အဲ့ဒီ အင်တာဗျူးက အွန်လိုင်းကနေ Challenge လုပ်ပြီး Code ရေးခိုင်းတာဖြစ်တယ်။ ရေးပြီးတဲ့ Code ကို အွန်လိုင်းကနေပဲ စစ်ပေးတယ်။ အဲ့လို စစ်ဖို့ Challenge မှာ Test Cases တွေ သတ်မှတ်ထားတယ်။ ကိုယ်ရေးလိုက်တဲ့ Code ဟာ အဲ့ဒီ Test Cases တွေနှင့်တိုက်စစ်လို့ မှန်ကန်မှသာလျှင် အဲ့ဒီ Challenge ကို အောင်မြင်စွာ ဖြတ်သန်းနိုင်မှာ ဖြစ်တယ်။ အဲ့ဒီ Website နာမည်က HackerRank ပြီး အလုပ်ခန့်မယ့် Company ကိုယ်စား Programmer တွေရဲ့ Coding Skill ကို စစ်ပေးတာ ဖြစ်တယ်။ Challenge မှာ အချိန်သတ်မှတ်ထားပြီး အဲ့ဒီအချိန်အတွင်းမှာ Code ကိုပြီးစီးအောင်နှင့် Test Cases တွေနှင့်ကိုက်ညီအောင် ရေးပေးရမှာဖြစ်တယ်။ ကိုယ်ရေးချင်တဲ့ Language (C#, Java, C++, စသည်ဖြင့်...) ရွေးချယ်လို့ရတယ်။ သို့သော် အလုပ်ခန့်မယ့် Company က Language တွေကို သတ်မှတ်နိုင်တယ်။ Challenge တစ်ခုမှာ ရေးရမယ့် Code အနည်းဆုံး ၁ပုဒ် ပါတယ်။ Programmer တွေအနေနှင့် အဲ့ဒီ Website မှာ Register လုပ်ပြီး ကိုယ့်ရဲ့ Coding Skill ကိုစစ်လို့ရတယ်။ ကျွန်တော့်ဖြေခဲ့တဲ့ Challenge မှာ Coding ၂ပုဒ်မေးတယ် Java နှင့် ဖြေခဲ့တယ်။ အမှန်က C# နှင့်ရေးမလို့ ဒါပေမယ့် C# မပါတဲ့အတွက် Java နှင့်ရေးခဲ့တာ ဖြစ်တယ်။ ၂ပုဒ်လုံး Test Cases အကုန်လုံးနှင့် ကိုက်ညီမှုမရှိဘူး :( Test Case တစ်ခုတော့ မှန်တယ် ဒါပေမယ့် Test Cases တွေအကုန်လုံး မှန်မှဖြစ်မှာဆိုတော့ Challenge က ကျတာပေါ့ :D ။ အဲ့ဒီ Website ကိုတော့ သဘောကျတယ်။

Hiဆ်ာ
ReplyDeleteကျနော်နည်းပညာလေ့လာနေပါတယ်ဆျာ
ဖြစ်နိုင်ဆျာရဲ့fb accသိပါရစေဆျာ