ကဒ်နှင့်ငွေပေးချေတဲ့စနစ်တွေအကြောင်းကို ပြောတော့မယ်ဆိုရင် ISO8583 ဟာ အဓိက အခန်းကဏ္ဏတစ်ခုအနေနှင့် ပြောမှရမည့် စံသတ်မှတ်ချက်တစ်ခုပဲဖြစ်ပါတယ်။ ဒီ စံသတ်မှတ်ချက်ကို ပြည်ပြည်ဆိုင်ရာ စံသတ်မှတ်သည့် အဖွဲ့အစည်း (International Standard Organization) က ထုတ်ပြန်ထားတာဖြစ်ပါတယ်။ ISO8583 စံသတ်မှတ်ချက်က ဘဏ္ဏာရေးဆိုင်ရာ Message တွေကို နည်းပညာတွေအသုံးပြုပြီး တစ်နေရာမှ တစ်နေရာသို့ ပေးပို့တဲ့အခါမှာ အသုံးပြုဖို့သတ်မှတ်ထားတဲ့ Message ပုံစံ၊ စံသတ်မှတ်ချက်တစ်ခုဖြစ်ပါတယ်။ အကယ်၍ ကျွန်တော့်မှာ ဘဏ်တစ်ခုက Credit (သို့) Debit Card တစ်ကဒ် ရှိတယ်ဆိုပါစို့၊ အဲ့ဒီကဒ်ကို အသုံးပြုပြီး စင်ကာပူမှာ စျေးဝယ်လို့ရသလို၊ ATM မှာလည်း ငွေထုတ်လို့ရပါတယ်၊ အမေရိကားသွားပြီး စျေးဝယ်လို့ရသလို၊ ATM ကငွေထုတ်လို့လည်း ရပါတယ်။ အဲ့ဒါ ဘာလို့လည်းဆိုတော့ စံသတ်မှတ်ချက်တွေ ရှိနေတဲ့အတွက် ဘယ်နေရာသွားသွား၊ ဘဏ်မရွေးပဲ ငွေကြေးနှင့်ပတ်သက်တဲ့ အလုပ်တွေကို ကဒ်လေးတစ်ခုတည်းနှင့် လုပ်ဆောင်နိုင်တာဖြစ်ပါတယ်။ ကျွန်တော်တို့အနေနှင့် ကဒ်ကို အသုံးပြုပြီးတော့ Transaction တစ်ခုကိုလုပ်လိုက်မယ်ဆိုရင်၊ အဲ့ဒီ Transaction တစ်ခုနောက်ကွယ်မှာရှိတဲ့ ဆက်စပ်နေသည့်လုပ်ဆောင်ချက်တွေဟာ အင်မတန်မှ များပြားပါတယ်။ Transaction တစ်ခုဆိုတာ ဝယ်တာ (Purchase)၊ ငွေထုတ်တာ (Withdraw)၊ ငွေထည့်တာ (Deposit)၊ ငွေပေးချေတာ (Payment)၊ ငွေလွှဲတာ (Transfer)၊ လက်ကျန်စစ်တာ (Balance Inquiry) စသည်ဖြင့် ဘဏ္ဏာရေးဆိုင်ရာ အလုပ်တစ်ခုကို လုပ်တာဖြစ်ပါတယ်။ ကဒ်အသုံးပြုသူတစ်ယောက်က Transaction တစ်ခုခုကို လုပ်လိုက်လျှင် အောက်မှာမြင်ရသည့် ပုံအတိုင်း Card ထဲက အချက်အလက်တွေကို တစ်နေရာမှ တနေရာသို့ အပြန်အလှန် ပေးပို့ပေးမှာ ဖြစ်ပါတယ်။
Consumer = စျေးဝယ်
Merchant = စျေးသည် (သို့) ကုန်သည်
Hardware Provider = အရောင်းစနစ် တီထွင်ရောင်းချသူ
Payment Processor = Acquirer = ငွေပေးချေသည့်လုပ်ငန်းဝန်ဆောင်မှုကို အွန်လိုင်းအသုံးပြုပြီး နောက်ကွယ်က လုပ်ဆောင်ပေးသူ (ဥပမာ။ PayPal, Square, Due စသည်ဖြင့်)
Acquiring Bank = စျေးသည် (သို့) ကုန်သည်၏ဘဏ်
Card Network = ကဒ်တွေသုံးစွဲနိုင်အောင် လုပ်ဆောင်ပေးသူ (ဥပမာ။ Visa, MasterCard, American Express, Discover, စသည်ဖြင့်)
Issuing Bank = စျေးဝယ်ကို ကဒ်ထုတ်ပေးသည့် ဘဏ်
ယင်းကဲ့သို့ ဘဏ္ဏာရေးဆိုင်ရာ Message တွေ ပေးပို့သည့်အခါမှာ အသုံးပြုသော Message ပုံစံ၊ စံသတ်မှတ်ချက်ကို ISO8583 ဟုခေါ်ပါတယ်။ ATM စက်တွေမှာလည်း ISO8583 စံသတ်မှတ်ချက်ဖြင့် Message တွေကို ပေးပို့လုပ်ဆောင်ပါတယ်။
ISO8583 မှာ Version ဘယ်နှစ်မျိုးရှိလည်း။
ISO8583 မှာ Version (၃)မျိုး ရှိပါတယ်။ ISO8583:1987၊ ISO8583:1993 နှင့် ISO8583:2003 ဆိုပြီး ရှိပါတယ်။ ISO8583:2003 ကတော့နောက်ဆုံး Version ဖြစ်ပါတယ်။ ယခုအချိန်ထိ ကျယ်ပြန့်စွာသုံးစွဲနေတဲ့ Version ကတော့ ISO8583:1987 ပဲဖြစ်ပါတယ်။ Visa နှင့် MasterCard ကဲ့သို့သော အဖွဲ့အစည်းကြီးတွေပင်လျှင် ISO8583:1987 Version ကိုလက်ရှိအချိန်ထိ အသုံးပြုနေဆဲဖြစ်ပါတယ်။ ကျွန်တော် ကိုယ်တိုင်လည်း ISO8583:1987 Version ကိုပဲ သုံးဖူးတဲ့အတွက် အဲ့ဒီ Version ရဲ့ စံသတ်မှတ်ချက်တွေကို အဓိက မှတ်သားထားပါတယ်။
ISO8583 မှာ Message ပုံစံကို ဘယ်လိုသတ်မှတ်ပေးလည်း။
ISO8583 မှာ Message တစ်ခုကိုအဓိက အပိုင်း (၃) ပိုင်းနှင့် ဖွဲ့စည်းထားပါတယ်။
ISO8583 မှာ Message ပုံစံကို ဘယ်လိုသတ်မှတ်ပေးလည်း။
ISO8583 မှာ Message တစ်ခုကိုအဓိက အပိုင်း (၃) ပိုင်းနှင့် ဖွဲ့စည်းထားပါတယ်။
၁) Message Type Indicator (MTI) = အချက်အလက် အမျိုးအစား ညွှန်းဆိုဖေါ်ပြချက်
MTI မှာ Digit ၄လုံးဖြင့်ဖွဲ့စည်းထားပါတယ်။ အဲ့ဒီ ၄လုံးမှာ...
0xxx - ရှေ့ဆုံးက Digit က ISO8583 Version ကိုရည်ညွှန်းပါတယ်။
0xxx ဆိုရင် ISO8583:1987 ဖြစ်ပါတယ်။
1xxx ဆိုရင် ISO8583:1993 ဖြစ်ပါတယ်။
2xxx ဆိုရင် ISO8583:2003 ဖြစ်ပါတယ်။
ဒုတိယ Digit က Transaction လုပ်မယ့် Message အမျိုးအစားသတ်မှတ်ချက် (Message Class) ဖြစ်ပါတယ်။
ဥပမာ။ 02xx ဆိုရင် ငွေကြေးနှင့်ပတ်သက်တဲ့ အလုပ်လုပ်မှာဖြစ်ပါတယ်။ 00xx မှ 09xx ထိ ရှိပါတယ်။
တတိယ Digit က Transaction လုပ်မယ့် Message လုပ်ငန်းအမျိုးအစား (Message Function) ဖြစ်ပါတယ်။
ဥပမာ။ 020x ဆိုရင် ငွေကြေးနှင့်ပတ်သက်ပြီး တောင်းဆိုတဲ့ (Request) အလုပ်ကိုလုပ်မှာ ဖြစ်ပါတယ်။ 021x ဆိုရင် Request ကို ပြန်လည်တုန့်ပြန်မှု (Response) လုပ်ပေးမှာဖြစ်ပါတယ်။ 020x ကနေ 029x ထိရှိပါတယ်။
စတုတ္ထ Digit ကတော့ ဘယ်ကလာသည့် Message လည်းဆိုတာ ခွဲခြားတာ (Message Origin) ဖြစ်ပါတယ်။
ဥပမာ။ 0200 ဆိုရင် (ဘဏ် (သို့) ငွေကြေးအဖွဲ့အစည်း) Acquirer တစ်ခုဆီကလာတဲ့ အချက်အလက် ဖြစ်ပါတယ်။ 0200 ကနေ 0205 ထိရှိတယ်။
ဥပမာ။ MTI အပြည့်အစုံ 0200 ဆိုရင် ISO8583:1987 Version ဖြင့် Acquirer ဆီမှ Transaction တစ်ခုအတွက် ငွေကြေးနှင့်ပတ်သက်တဲ့ Request တစ်ခုလုပ်တယ်လို့ ပြောတာပဲဖြစ်ပါတယ်။
၂) Bitmaps = အချက်အလက် ပါဝင်မှုရှိ၊ မရှိစစ်ဆေးခြင်း
ISO8583 Message တစ်ခုမှာ ပါဝင်သည့် အချက်အလက် (Fields) တွေနှင့် အဲ့ဒီ Fields တွေထဲမှာ ထပ်မံပါရှိသည့် အချက်အလက်အခွဲ (Sub Fields) တွေမှာ Data ပါဝင်မှုရှိ၊ မရှိ စစ်ဆေးသည့်အပိုင်း ဖြစ်ပါတယ်။ Message တစ်ခုမှာ အနည်းဆုံး Bitmap တစ်ခုပါဝင်ပါတယ်။ Bitmaps ကို Hexadecimal အနေနှင့် ဖေါ်ပြလေ့ရှိပါတယ်။ ဥပမာ။ Hexadecimal 16 Digits ရှိတဲ့ Bitmap တစ်ခုဆိုပါဆို့ ...
E420002205809000
ဒီ Bitmap ကို Binary အနေနှင့် ပြောင်းလိုက်မယ်ဆိုရင်...
1110010000100000000000000010001000000101100000001001000000000000အခုလို 64 Digits ရှိတဲ့ Binary ကိန်းဂဏန်းတစ်ခု ရပါတယ်။ အဲ့ဒီ Binary Digits တွေက Bitmaps တွေရဲ့ နောက်မှာရှိတဲ့ အပိုင်း(၃) ဖြစ်တဲ့ Data Element (DE) ၆၄နေရာမှာ အချက်အလက်တွေ ပါဝင်မှုရှိ၊ မရှိကို စစ်ဆေးပေးမှာဖြစ်ပါတယ်။ 0 ဆိုရင် Data Element (DE) တစ်ခုမှာ Data မရှိဘူး၊ 1 ဆိုရင် Data Element (DE) တစ်ခုမှာ Data ရှိတယ်၊ စသည်ဖြင့် ၁ ကနေ ၆၄ထိရှိတဲ့ DE တွေကို စစ်ဆေးတာဖြစ်ပါတယ်။ အကယ်၍ Data Element (DE) က 64 Digits ထက်ပိုခဲ့မယ်ဆိုရင်...၊ နောက်ထပ် နေရာ 65 ကနေ 128 ထိရှိတဲ့ Data Element (DE) တွေကို စစ်ဆေးပေးနိုင်မယ့် ဒုတိယ Bitmap တစ်ခု ထပ်မံပါဝင်လာမှာ ဖြစ်ပါတယ်။ Data Element (DE) က 192 Digits ထိရှိနိုင်ပါတယ်။ 64 Digits ရှိတဲ့ Bitmaps တစ်ခုမှာ ပထမဆုံး Digit ကိုကြည့်ခြင်းအားဖြင့် နောက်ထပ် Bitmap တွေထပ်ရှိနိုင်လား၊ မရှိနိုင်ဘူးလားဆိုတာ သိနိုင်ပါတယ်။ ဥပမာပြထားတဲ့ 64 Digits Binary ကိန်းဂဏန်းမှာဆိုရင် 64 Digits ရဲ့ ပထမဆုံး Digit က (1) ဖြစ်တဲ့အတွက် ဒုတိယ Bitmap ရှိပါတယ်။ ဒါဆိုရင် ဒုတိယ Bitmaps တစ်ခုထည့်လိုက်ရင် အောက်ပါအတိုင်း ဖြစ်သွားပါလိမ့်တယ်။
E4200022058090008000000000000001
Binary ပြောင်းလိုက်ရင် အောက်ပါအတိုင်း Bitmaps ၂ခုရပါလိမ့်မယ်။
11100100001000000000000000100010000001011000000010010000000000001000000000000000000000000000000000000000000000000000000000000000
အနီရောင်က 1st Bitmap ဖြစ်ပြီး အစိမ်းရောင်က 2nd Bitmap ဖြစ်ပါတယ်။ 1st Bitmap ကို Primary Bitmap လို့လည်း ခေါ်ပါတယ်။
၃) Data Element (DE) = အဓိက အချက်အလက်များ
Data Element ဆိုတာ ISO8583 Message တစ်ခုမှ Transaction လုပ်မည့် အချက်အလက်တွေဖြစ်သည့် (Amount, Account Number, Expired Date, Transaction Date, etc.,) စတာတွေကို ပြောတာဖြစ်ပါတယ်။ Field လို့လည်းခေါ်နိုင်ပါတယ်။ ISO8583:1987 Version မှာ Data Element (DE) 128 အထိသတ်မှတ်နိုင်ပါတယ်။ Data Element တွေမှာ Data ပုံစံ (Format)၊ အရွယ်အစား (Length) စသည့် သတ်မှတ်ချက်တွေရှိပါတယ်။ အောက်မှာပြထားတဲ့ Table က Wiki မှ Data Element အပြည့်အစုံကို ထုတ်နှုတ်ထားတာဖြစ်ပါတယ်။
Data Field | Type | Usage |
---|---|---|
1 | b 64 | Bit map (b 128 if secondary is present and b 192 if tertiary is present) |
2 | n ..19 | Primary account number (PAN) |
3 | n 6 | Processing code |
4 | n 12 | Amount, transaction |
5 | n 12 | Amount, settlement |
6 | n 12 | Amount, cardholder billing |
7 | n 10 | Transmission date & time |
8 | n 8 | Amount, cardholder billing fee |
9 | n 8 | Conversion rate, settlement |
10 | n 8 | Conversion rate, cardholder billing |
11 | n 6 | System trace audit number (STAN) |
12 | n 6 | Time, local transaction (hhmmss) |
13 | n 4 | Date, local transaction (MMDD) |
14 | n 4 | Date, expiration |
15 | n 4 | Date, settlement |
16 | n 4 | Date, conversion |
17 | n 4 | Date, capture |
18 | n 4 | Merchant type |
19 | n 3 | Acquiring institution country code |
20 | n 3 | PAN extended, country code |
21 | n 3 | Forwarding institution. country code |
22 | n 3 | Point of service entry mode |
23 | n 3 | Application PAN sequence number |
24 | n 3 | Function code (ISO 8583:1993)/Network International identifier (NII) |
25 | n 2 | Point of service condition code |
26 | n 2 | Point of service capture code |
27 | n 1 | Authorizing identification response length |
28 | x+n 8 | Amount, transaction fee |
29 | x+n 8 | Amount, settlement fee |
30 | x+n 8 | Amount, transaction processing fee |
31 | x+n 8 | Amount, settlement processing fee |
32 | n ..11 | Acquiring institution identification code |
33 | n ..11 | Forwarding institution identification code |
34 | ns ..28 | Primary account number, extended |
35 | z ..37 | Track 2 data |
36 | n ...104 | Track 3 data |
37 | an 12 | Retrieval reference number |
38 | an 6 | Authorization identification response |
39 | an 2 | Response code |
40 | an 3 | Service restriction code |
41 | ans 8 | Card acceptor terminal identification |
42 | ans 15 | Card acceptor identification code |
43 | ans 40 | Card acceptor name/location (1-23 address 24-36 city 37-38 state 39-40 country) |
44 | an ..25 | Additional response data |
45 | an ..76 | Track 1 data |
46 | an ...999 | Additional data - ISO |
47 | an ...999 | Additional data - national |
48 | an ...999 | Additional data - private |
49 | a or n 3 | Currency code, transaction |
50 | a or n 3 | Currency code, settlement |
51 | a or n 3 | Currency code, cardholder billing |
52 | b 64 | Personal identification number data |
53 | n 16 | Security related control information |
54 | an ...120 | Additional amounts |
55 | ans ...999 | ICC Data - EMV having multiple tags |
56 | ans ...999 | Reserved ISO |
57 | ans ...999 | Reserved national |
58 | ans ...999 | Reserved national |
59 | ans ...999 | Reserved national |
60 | ans ...999 | Reserved national |
61 | ans ...999 | Reserved private |
62 | ans ...999 | Reserved private |
63 | ans ...999 | Reserved private |
64 | b 16 | Message authentication code (MAC) |
65 | b 1 | Bitmap, extended |
66 | n 1 | Settlement code |
67 | n 2 | Extended payment code |
68 | n 3 | Receiving institution country code |
69 | n 3 | Settlement institution country code |
70 | n 3 | Network management information code |
71 | n 4 | Message number |
72 | n 4 | Message number, last |
73 | n 6 | Date, action (YYMMDD) |
74 | n 10 | Credits, number |
75 | n 10 | Credits, reversal number |
76 | n 10 | Debits, number |
77 | n 10 | Debits, reversal number |
78 | n 10 | Transfer number |
79 | n 10 | Transfer, reversal number |
80 | n 10 | Inquiries number |
81 | n 10 | Authorizations, number |
82 | n 12 | Credits, processing fee amount |
83 | n 12 | Credits, transaction fee amount |
84 | n 12 | Debits, processing fee amount |
85 | n 12 | Debits, transaction fee amount |
86 | n 16 | Credits, amount |
87 | n 16 | Credits, reversal amount |
88 | n 16 | Debits, amount |
89 | n 16 | Debits, reversal amount |
90 | n 42 | Original data elements |
91 | an 1 | File update code |
92 | an 2 | File security code |
93 | an 5 | Response indicator |
94 | an 7 | Service indicator |
95 | an 42 | Replacement amounts |
96 | b 64 | Message security code |
97 | x+n 16 | Amount, net settlement |
98 | ans 25 | Payee |
99 | n ..11 | Settlement institution identification code |
100 | n ..11 | Receiving institution identification code |
101 | ans ..17 | File name |
102 | ans ..28 | Account identification 1 |
103 | ans ..28 | Account identification 2 |
104 | ans ...100 | Transaction description |
105 | ans ...999 | Reserved for ISO use |
106 | ans ...999 | Reserved for ISO use |
107 | ans ...999 | Reserved for ISO use |
108 | ans ...999 | Reserved for ISO use |
109 | ans ...999 | Reserved for ISO use |
110 | ans ...999 | Reserved for ISO use |
111 | ans ...999 | Reserved for ISO use |
112 | ans ...999 | Reserved for national use |
113 | ans ...999 | Reserved for national use |
114 | ans ...999 | Reserved for national use |
115 | ans ...999 | Reserved for national use |
116 | ans ...999 | Reserved for national use |
117 | ans ...999 | Reserved for national use |
118 | ans ...999 | Reserved for national use |
119 | ans ...999 | Reserved for national use |
120 | ans ...999 | Reserved for private use |
121 | ans ...999 | Reserved for private use |
122 | ans ...999 | Reserved for private use |
123 | ans ...999 | Reserved for private use |
124 | ans ...999 | Reserved for private use |
125 | ans ...999 | Reserved for private use |
126 | ans ...999 | Reserved for private use |
127 | ans ...999 | Reserved for private use |
128 | b 64 | Message authentication code |
n 12 ဆိုရင် numeric ကိန်း၁၂လုံးထိ သတ်မှတ်ရမယ်လို့ပြောတာ ဖြစ်ပါတယ်။
an 2 ဆိုရင် alphanumeric ကိန်း၂လုံးထိ သတ်မှတ်ရမယ်လို့ပြောတာ ဖြစ်ပါတယ်။
n..11 ဆိုရင် numeric ၁၁လုံးထိ အများဆုံး သတ်မှတ်နိုင်ပြီး ၄င်းရှေ့မှာ DE အရွယ်အစား (Length) (00 မှ 99 ထိ) ၂နေရာစာ သတ်မှတ်ပေးရမယ်လို့ ပြောတာဖြစ်ပါတယ်။ ဥပမာ 0512345 ဆိုပါစို့၊ ရှေ့က 05 က အလုံးအရေအတွက်ဖြစ်ပြီး နောက်က အဲ့ဒီအရေအတွက်အတိုင်းပါဝင်တဲ့ Data ဖြစ်ပါတယ်။ (..) ဆိုတာရှေ့မှာ ၂နေရာစာကို Data ရဲ့ အရွယ်အစား (Length) အဖြစ် သတ်မှတ်ပေးရမယ်လို့ ပြောတာဖြစ်ပါတယ်။ (...) ဆိုရင် Length ၃နေရာစာ (000-999) သတ်မှတ်ပေးရမယ်လို့ပြောတာဖြစ်ပါတယ်။ အဲ့ဒီ Data Type တွေကို အခုလိုလည်း ဖေါ်ပြနိုင်ပါတယ်။
.x = LVAR
..xx = LLVAR
...xx = LLLVAR
အဲ့ဒီ Data Type အပြည့်အစုံကို Wiki ရဲ့ Data Type မှာ ကြည့်လို့ရပါတယ်။
ISO8583 Message နမူနာပုံစံ...
0200E4200022058090008000000000000001161234567890123456001000000000010000123456100000008A000066ABCABC00008401000000010100000000000000000000000001100000010011001000000000000
အပြာရောင်က MTI
အနီရောင်က Bitmaps
ခရမ်းရောင်က Data Element (DE)
(မှတ်ချက်။ ဒီ Message နမူနာကိုအလွယ်တကူ နားလည်သဘောပေါက်အောင် ဖန်တီးထားတာဖြစ်ပါတယ်။ တကယ့် Message မှာတော့ အချက်အလက်တွေပိုမိုပါဝင်နိုင်သလို Message Encoding ပုံစံလည်း ကွဲပြားခြားနားနိုင်ပါတယ်။)
ISO8583 Message တွေကို တစ်နေရာမှ တစ်နေရာသို့ ဘယ်လိုပို့ကြလည်း။
ISO8583 Message တွေကို Computer Network တွေမှတဆင့် Internet ကိုအသုံးပြုပြီး တစ်နေရာမှ၊ အခြားတစ်နေရာသို့ ပေးပို့ကြပါတယ်။ Computer Network ထဲမှာရှိတဲ့ Server နှင့် Client ကွန်ပြူတာတွေမှာ IP နှင့် Port ဆိုတာရှိပါတယ်။ ကွန်ပြူတာတစ်လုံး၏ IP နှင့် Port မှတဆင့် အခြားကွန်ပြူတာတစ်လုံး၏ IP နှင့် Port ဆီကို Socket Connection အသုံးပြုပြီး အပြန်အလှန် (Request/Response) ပေးပို့ကြပါတယ်။ Internet ကိုအသုံးပြုပြီး အချက်အလက်တွေပို့တာဖြစ်သည့်အတွက် တခါတရံမှာ Internet Connection နှေးကွေးသဖြင့် Request လုပ်လိုက်ပေမယ့်လည်း Response မရတာမျိုးလည်း ဖြစ်တတ်ပါတယ်။ အဲ့လိုအခြေအနေမျိုးဖြစ်ခဲ့လျှင် သက်ဆိုင်ရာ Computer စနစ်တွေက အရင်လုပ်ခဲ့တဲ့ Request ကို Cancel လုပ်သည့် Request (Reversal Request) ကိုအလိုလျှောက် လုပ်ဆောင်ပေးနိုင်ပါတယ်။
ISO8583 ကို Card Payment နှင့်ပတ်သက်သည့် အဖွဲ့အစည်း တော်တော်များများ လိုက်နာအသုံးပြုကြပါတယ်။ ဒီ Standard ကို လိုက်နာအသုံးမပြုသည့် အဖွဲ့အစည်းများလည်း ရှိနိုင်ပါတယ်။ အောက်ဖေါ်ပြပါ အဖွဲ့အစည်းတွေကတော့ ISO8583 စံသတ်မှတ်ချက်နှင့် ကိုက်ညီအောင် လိုက်နာအသုံးပြုသည့် အဖွဲ့အစည်းတွေပဲ ဖြစ်ပါတယ်။
အခြား အဖွဲ့အစည်းတွေလည်း အများကြီးရှိနိုင်သေးပါတယ်။
ယခုလက်ရှိအချိန်မှာတော့ Card Payment Transaction တင်မဟုတ်တော့ပါဘူး။ Mobile Payment တွေဖြစ်တဲ့ Apple Pay, Android Pay စသည့် Payment Transaction တွေမှာလည်း အသုံးပြုပါတယ်။
0 ခုမှတ်ချက်ပေးထားတယ်။:
Post a Comment