Apr 3, 2017

Windows 10 VM ကို External SSD ထဲထည့်ပြီး MAC မှာ Run တာဘာလို့ အရမ်းနှေးနေတာလဲ

sagaing
စနေနေ့က Portable External Samsung SSD T3 တစ်လုံးဝယ်ခဲ့တယ်။  ပြီးတော့ အရင်ကတည်းက MAC ထဲထည့်ထားတဲ့ Parallel Desktop VM Application ထဲက Windows 10 ကို SSD ထဲထည့်ပြီး Run တော့နှေးလိုက်တာ ဘယ်ပြောကောင်းမလည်း။  SSD မဟုတ်တဲ့ External Hard disk တွေအတိုင်းပဲ တက်လာတဲ့ Windows ဟာ ဘာမှသုံးလို့မရအောင်ကို နှေးလွန်းတယ်။  အမှန်တော့ MAC ထဲမှာပဲထည့်သုံးရင် အဆင်ပြေတယ်၊ ဖြစ်ချင်တော့ MAC ထဲမှာလည်းထည့်ထားတာတွေ ပြည့်နေပြီး၊ MAC ရဲ့ Internal SSD တစ်ဝက်လောက်ကို Windows 10 ကနေရာယူထားတော့၊ Windows ကို သီးသန့်ဖြစ်သွားအောင် External SSD ထဲပြောင်းချင်တာကြောင့် သူငယ်ချင်းတစ်ယောက်ရဲ့ အကြံပြုချက်နဲ့ Samsung 250GB ဆန့်တဲ့ SSD T3 ကိုဝယ်ဖြစ်သွားတယ်။  နှေးနေတဲ့ Windows ကိုမြန်အောင် Google ထဲမှာ ရှာဖတ်ကြည့်တော့ Parallel ကတင်ထားတဲ့ Knowledgebase မှာ ဒီလင့်ခ် ကိုသွားတွေ့တယ်။  ဒါနှင့် SSD ရဲ့မူလ File System ကိုစစ်ကြည့်လိုက်တာ့ Knowledgebase ထဲမှာပြောထားသလို ExFAT ဖြစ်နေတာကြောင့် OSX Extended (Journaled) နှင့် Format ပြန်ချပြီး VM ထည့်သုံးလိုက်တော့မှ မျော်လင့်ထားတဲ့အတိုင်း အရမ်းမြန်လာပြီး Windows သုံးရတာစိတ်ချမ်းသာတော့တယ်။  အခြား VM Application တွေဖြစ်တဲ့ Virtual Box, Fushion စတာတွေနှင့်တော့ မသုံးကြည့်ဘူးဖူး။  SSD ဖြစ်ပြီးအရမ်းနှေးနေခဲ့မယ်ဆိုရင်တော့ File System ဟာလည်း တစ်ခုအနေနှင့် ပြောင်းလဲသတ်မှတ်ရမယ့်  အရာတစ်ခုပဲဖြစ်ပါတယ်။

မှတ်စုရေးသူအကြောင်း

sagaing / Software Engineer

နာမည်အရင်းမှာ လှိုင်မင်းထက်ဖြစ်ပြီး၊ ကိုစစ်ကိုင်းဆိုသည့် နာမည်ပြောင်နှင့် မိတ်ဆွေ၊ သူငယ်ချင်းများက ရင်းနှီးစွာခေါ်ကြပါသည်။ ယခင်ကမြန်မာနိုင်ငံတွင် သင်ကြားရေး နှင့် Software Development လုပ်ငန်းများတွင် ဝင်ရောက်လုပ်ကိုင်ခဲ့ပြီး၊ ယခုလက်ရှိမှာ စင်ကာပူနိုင်ငံရှိ နည်းပညာကုမ္ပဏီတစ်ခုတွင် ဝင်ရောက်လုပ်ကိုင်နေပါသည်။

0 ခုမှတ်ချက်ပေးထားတယ်။:

Post a Comment

ကိုစစ်ကိုင်း၏ မှတ်စုများ. Powered by Blogger.