အထက်တန်းကျောင်း တစ်ကျောင်း၏ အခန်းတစ်ခန်းတွင် ဆရာမက "စကားလုံးနှင့်ထင်မြင်ချက်" ဆိုသော ခေါင်းစဉ်ဖြင့် ကစားနည်းတစ်ခုကို ကစားရန်စီစဉ်နေသည်။ ကစားနည်းမှာ အခန်းထဲမှ ကျောင်းသား/သူ တစ်ယောက်ကို အတန်းရှေ့ထုတ်ပြီး ကျောက်သင်ပုန်းတွင် အက္ခရာတစ်ခုကို ရေးစေပြီး ထိုအက္ခရာ၏ စကားလုံးကိုမေပြာစေဘဲ တစ်ခြားကျောင်းသား/သူများရဲ့ ထင်မြင်ချက်ကို ထုတ်နှုတ်ေပြာဆို စေခြင်းဖြစ်သည်။ ကစားနည်းစတင်ချိန်တွင်... ဆရာမက ကျောင်းသားတစ်ယောက်ကို အတန်းရှေ့သို့ ထုတ်လိုက်သည်နှင့် ထိုကျောင်းသားသည် မြေဖြုဖြင့် ကျောက်သင်ပုန်းတွင် "က" (ကကြီး) ကိုရေးလိုက်သည်။ ဆရာမက အတန်းထဲရှိ ကျောင်းသား/သူများကို တစ်ယောက်ခြင်းဆီ ထင်မြင်သော စကားလုံးကိုပြောစေသည်။
ကျောင်းသားတစ်ယောက်က...
သူရေးချင်တာ "ကား" ပါဆရာမ။
နောက်တစ်ယောက်က...
"ကိုယ်" ဖြစ်မှာပါ။
ဒီလိုနဲ့ တစ်ယောက်ခြင်းစီပြောကြရာ...
"ကဲသည်"၊ "ကိလေသာ"၊ "ကိန်"၊ "ကိုး"၊ "ကုသသည်"၊ "ကျန်ကျောင်း"၊ "ကွီ"၊ "ကွမ်းယာ"၊ "ကောက်ညှင်း"၊ "ကြည့်"၊ "ကွိ"၊ "ကောကော"၊ "ကမ်းလှမ်း"၊ "ကျမ်းစာ"၊ "ကြမ်းပြင်"၊ "ကင်းကွာ"၊ "ကင်းရှင်း"၊ "ကယား"၊ "ကုလား"၊ "ကိုးကား"၊ "ကာယ"၊ "ကာရံ"၊ "ကာလ"၊ "ကလေး"၊ "ကနုကမာ"၊ "ကျောက်ကျော"၊ "ကယ်တင်"၊ "ကွဲကွာ"၊ "ကွဲပြား"...စသည်ဖြင့် ကျောင်းသား/သူများထင်မြင်ချက်အမျိုးမျိုးပြောဆိုပြီးနောက်...
အတန်းရှေ့မှ ကျောင်းသားက...
"အမှန်က ကျွန်တော်ရေးချင်တာ "ကသည်။" ဆိုတာဖြစ်ပါတယ်..."ဟုပြောပြီး...
သူ့နေရာသူ ပြန်ထိုင်သွားပြီးနောက်...
ဆရာမက...
"ကဲ...သားတို့သမီးတို့ လူ့ဘဝမှာလည်း အခုလိုဘဲ စကားပဲဖြစ်ဖြစ်၊ စာပဲဖြစ်ဖြစ်၊ အဓိကကတော့ စကားပေါ့...စကားများလေလေ...ထင်မြင်ချက်တွေ များလာလေလေဘဲ။ နောက်ပြီး စကားများလေလေ စကားများလေလေဘဲကွဲ့။ ဒါကြောင့် သားတို့သမီးတို့ ဘဝကိုဖြတ်သန်းတဲ့အခါမှာ စကားတွေကို ဖြစ်နိုင်ရင် နည်းနိုင်သမျှနည်းအောင်ပြောဆိုနိုင်ကြပါစေ..."
ကိုစစ်ကိုင်း
0 ခုမှတ်ချက်ပေးထားတယ်။:
Post a Comment