Apr 19, 2011

AJAX UpdatePanel ထဲမှာ အလုပ်မလုပ်တဲ့ JQuery

sagaing
အခု ကျွန်တော် ဖြစ်တဲ့ ပြသနာက ASP.Net Page ထဲမှာ AJAX Update Panel တစ်ခုသုံးတယ် ပြီးတော့ အဲ့ဒီ Update Panel ထဲက JQuery Tab ထဲမှာ ASP.Net Server Controls တွေရှိတယ် အဲ့ဒီ Server Controls တွေအလုပ်လုပ်တဲ့ အချိန်မှာ PostBack ဖြစ်တယ် အဲ့လိုဖြစ်တဲ့ အချိန်မှာ JQuery Tab Panel က အလုပ်မလုပ်နိုင်တော့ပဲ ASP.Net Page ထဲမှာ အောက်မှာ မြင်ရတဲ့ အတိုင်းပြောင်းသွားတာပဲဖြစ်ပါတယ်....

PostBack မဖြစ်ခင်



PostBack ဖြစ်ပြီး

PostBack ဖြစ်သွားတော့ JQuery က Code တွေက အလုပ်မလုပ်နိုင်တော့ဘဲနှင့် နောက် Tab Page တွေထဲမှာ ဖေါ်ပြရမယ့် Controls တွေကို အခုလို အတန်းလိုက်ကြီး ထွက်လာတော့တာပါပဲ... အဲ့တော့ အဲ့ဒီ JQuery Code ကို သွားကြည့်ရအောင်...

ဒါကျွန်တော် သုံးထားတဲ့ JQuery Tab Panel အတွက် css နှင့် JQuery JS File ပါ။  Head Tag ထဲမှာ ထည့်ထားတာပါ...

<link href="css/sprytabbedpanels.css" rel="stylesheet" type="text/css" />
<script src="js/SpryTabbedPanels.js" type="text/javascript"></script>

ဒါ JQuery Tab Panel ကို အလုပ်လုပ်စေဖို့ ရေးထားတဲ့ Java Script Code ပါ အောက်ဆုံး Body Tag အပိတ်အပေါ်မှာ ရေးထားတာပါ...

<script type="text/javascript">
<!--
    var TabbedPanels1 = new Spry.Widget.TabbedPanels("TabbedPanels1");
//-->
</script>

အဲဒီတော့ PostBack ဖြစ်တိုင်း အလုပ်လုပ်စေဖို့ ဒီ Java Script Code ထဲမှာ လိုအပ်တဲ့ Code ကို အောက်ပါအတိုင်း ထည့်ရေးရပါ့မယ်...

<!--
Sys.Application.add_load(initSomething);
function initSomething()
{
    var TabbedPanels1 = new Spry.Widget.TabbedPanels("TabbedPanels1");
}
//-->

Sys.Application Class ဟာ run-time object တစ်ခု ဖြစ်ပြီး PostBack ပြီးတိုင်း မိမိအလုပ်လုပ်စေချင်တဲ့ Java Script Code တွေကို function တစ်ခုထဲမှာ ထည့်ရေးပြီး ၎င်း Class Event တစ်ခုကနေခေါ်ပြီး အလုပ်လုပ်စေနိုင်ပါတယ်။ အသေးစိတ်ကို ဒီမှာ လေ့လာနိုင်ပါတယ်...အခု Code မှာ add_load() Event ကနေပြီး initSomething() function ကို လှမ်းခေါ်ပြီး JQuery ကို ပြန်အလုပ်လုပ်စေတဲ့ Code ပါ။  အခုလို ရေးလိုက်တော့ JQuery လည်း အလုပ်လုပ်သွား ပါတော့တယ်....

ကိုစစ်ကိုင်း

မှတ်စုရေးသူအကြောင်း

sagaing / Software Engineer

နာမည်အရင်းမှာ လှိုင်မင်းထက်ဖြစ်ပြီး၊ ကိုစစ်ကိုင်းဆိုသည့် နာမည်ပြောင်နှင့် မိတ်ဆွေ၊ သူငယ်ချင်းများက ရင်းနှီးစွာခေါ်ကြပါသည်။ ယခင်ကမြန်မာနိုင်ငံတွင် သင်ကြားရေး နှင့် Software Development လုပ်ငန်းများတွင် ဝင်ရောက်လုပ်ကိုင်ခဲ့ပြီး၊ ယခုလက်ရှိမှာ စင်ကာပူနိုင်ငံရှိ နည်းပညာကုမ္ပဏီတစ်ခုတွင် ဝင်ရောက်လုပ်ကိုင်နေပါသည်။

0 ခုမှတ်ချက်ပေးထားတယ်။:

Post a Comment

ကိုစစ်ကိုင်း၏ မှတ်စုများ. Powered by Blogger.