Showing posts with label Error Solving. Show all posts
Showing posts with label Error Solving. Show all posts

Feb 6, 2017

Cannot attach the file mdf as database mvc ဆိုတဲ့ Error ဖြေရှင်းခြင်း

sagaing
ASP.NET MVC မှာ Connection String ထဲမှာ ၁)မှာကဲ့သို့ သတ်မှတ်ထားပြီး၊ နောက်ပိုင်းမှာမှ ၂)မှာကဲ့သို့ AttachDBFilename Attribute ကို ထည့်လိုက်တဲ့အခါမှာ...

၁)<add connectionstring="Data Source=(LocalDb)\v11.0; Initial Catalog=StockDb;Integrated Security=SSPI;" name="StockDbContext" providername="System.Data.SqlClient"> 

၂)<add connectionstring="Data Source=(LocalDb)\v11.0; AttachDBFilename=|DataDirectory|\StockDB.mdf; Initial Catalog=StockDb;Integrated Security=SSPI;" name="StockDbContext" providername="System.Data.SqlClient"> 

cannot attach the file mdf as database mvc ဆိုတဲ့ error တက်ခဲ့ရင်...

Package Manager Console ထဲသွားပြီး
၁) sqllocaldb.exe stop <ENTER>
၂) sqllocaldb.exe delete <ENTER>

ပြီးရင် Application ကို Run လိုက်တာနှင့် Error ရှင်းသွားပါလိမ့်မယ်။  (မှတ်ချက်။ အခြား အခြေအနေမျိုးမှာလည်း ဖြစ်နိုင်ပါတယ်။)

Jan 31, 2017

'Ajax' does not exist in the namespace 'System.Web.Mvc' Error ဖြစ်ခြင်း

sagaing
ASP.Net MVC Empty Project တစ်ခုကိုယူလိုက်တဲ့အခါ Project ထဲမှာပါလာတဲ့ System.Web.Mvc Assembly ဖိုင်ဟာ Old Version ဖြစ်နေခဲ့ရင် Application ကို Run လိုက်တဲ့အခါမှာ အောက်ပါ Error ဖြစ်လေ့ရှိပါတယ်။  အကယ်၍ Empty Project မဟုတ်ပဲ MVC Web Application ဆိုရင်တော့ Error မဖြစ်ပါဘူး။  ဘာလို့လည်းဆိုတာ့ Assembly File ဟာ Updated ဖြစ်တဲ့ File ပါလာလို့ပါ။

ဖြေရှင်းနည်း (၁)
၁) Manage NuGets Package for Solutions ကိုသွားပါ။
၂) Microsoft ASP.NET MVC Package ကို Install လုပ်ပေးလိုက်ပါ။

ဖြေရှင်းနည်း (၂)
၁) Package Manager Console ကိုသွားပါ။
၂) Uninstall-Package Microsoft.AspNet.Mvc Command နှင့် လက်ရှိရှိနေတဲ့ Assembly File ကို Uninstall လုပ်လိုက်ပါ။
၃) Install-Package Microsoft.AspNet.Mvc Command နှင့် Install ပြန်လုပ်လိုက်ပါ။

အဲ့ဒီနည်းလမ်း (၂) ခုထဲကတစ်နည်းနည်းနှင့် ဖြေရှင်းပြီးသွားရင် MVC Assembly File Update ဖြစ်သွားတဲ့အတွက် Error ရှင်းသွားပါလိမ့်မယ်။

Dec 15, 2016

IIS ထဲမှာ Deploy လုပ်ထားတဲ့ Website ကို Mobile Browser က ဘာကြောင့် လှမ်းခေါ်လို့ မရတာလည်း။

sagaing
IIS ရဲ့ localhost ထဲမှာ deploy လုပ်ထားတဲ့ website ကို mobile browser ကနေတူညီတဲ့ Wireless Network ထဲကနေပဲ ပြန်ခေါ်သုံးတဲ့အခါမှာ ခေါ်သုံးလို့ မရတဲ့ပြဿနာ ကြုံခဲ့တယ်။  ကျွန်တော့် ကွန်ပြူတာက Mac ဖြစ်ပြီး Papallels VM ထဲမှာ Windows 10 ကို ထည့်သုံးထားတယ်။ mobile ကနေလှမ်းခေါ်တဲ့အခါ IP နှင့်ကော localhost နှင့်ပါ လုံးဝခေါ်လို့ မရခဲ့ဘူး။ ဒါနှင့် ထုံးစံအတိုင်း Google တော့ stackoverflow ကနေအဖြေတွေ့တယ်။ ဘာလို့ခေါ်လို့မရလည်းဆိုတော့ Mac က သူ့ Network ကို VM ထဲက Windows အတွက် Shared သုံးထားတော့ Windows IP ကိုလည်း Mac ကနေပြန်ခွဲ ပေးထားတဲ့အတွက် အဲ့ဒီ Windows IP ကို mobile ကနေ ပြန်ခေါ်သုံးတဲ့အခါ သုံးလို့မရတာဖြစ်တယ်။ ပုံမှန်အားဖြင့် Mac IP က ဥပမာ။ 10.211.55.3 ဆိုပြီးသတ်မှတ်ပြီးတော့ Windows ကြတော့ ဥပမာ။ 192.168.1.1 ဆိုပြီးတွေ့နိုင်တယ်။ ဒါပေမယ့် အခုအခြအနေက Windows IP ကို Mac က ခွဲထုတ်ပေးထားတဲ့ IP လိုဖြစ်နေတယ်။ အဲ့တော့ Windows ကို သီးသန့် Network Client တစ်ခုအနေနှင့် သတ်မှတ်ပြီး သူ့ရဲ့ ကိုယ်ပိုင် IP တစ်ခုရအောင် အောက်ပါအတိုင်း အဆင့်ဆင့် ဖြေရှင်းပေးခဲ့ရတယ်...



Parallels မှာ Action Menu ကနေ Configure ပြီးရင် Hardware ပြီးရင် Network အဆင့်ဆင့် သွားလိုက်ရင် Source မှာ Default Adapter ကိုရွေးပေးရမယ် ပြီးရင်...



Parallels Desktop ကနေ...


Preferences သွား ပြီးရင် Network ကိုသွား Shared ကိုရွေး ဒါတွေပြီးသွားရင်...

Windows ရဲ့ Command Prompt ကိုသွားပြီး ipconfig နှင့် IP address ကိုစစ်ကြည့်လိုက်ပါ Windows ရဲ့သီးသန့် IP (ဥပမာ။ 192.168.1.1) ပြောင်းသွားပါလိမ့်မယ်။

May 27, 2011

ASP.Net GridView Column Width Auto Adjust

sagaing

ASP.Net မှာ Data တွေကို ပြဖို့ GridView ကိုသုံးကြပါတယ် အဲ့လိုသုံးတဲ့အခါ ပြချင်တဲ့ Data Field ကနည်းနည်းလေးဆို ကိစ္စမရှိပေမယ့် များလာပြီဆို GridView Column Width တွေချိန်ညှိရတာ တကယ် စိတ်ပျက်စရာပါ။  အခုဟာက Code အနည်းငယ်ထည့်ပြီး Columns တွေကို Auto Adjust လုပ်ခိုင်းတဲ့ သဘောပါ။  Code ကလည်း css Code လေးပါဘဲ။  GridView မှာ လိုအပ်တဲ့ Data တွေ Bind လုပ်ပြီးပြီဆိုရင် GridView ရဲ့ RowDataBound Event ထဲမှာ အောက်ပါ Code လေးထည့်လိုက်ပါ။

    protected void gvwMyGView_RowDataBound(object sender, GridViewRowEventArgs e)
    {
        for (int i = 0; i < e.Row.Cells.Count; i++)
        {
            e.Row.Cells[i].Attributes.Add("style", "white-space:nowrap;");
        }
    }

ASP.Net Server Control တစ်ခုထဲကို Client Code (JavaScript, css, etc) တွေထည့်ချင်တဲ့အခါ Attributes.Add(key, value) ကိုသုံးပါတယ်။  style ကတော့ css style ကိုသုံးမယ် white-space:nowwarp; ကတော့နောက်တလိုင်းကို မဆင်းခိုင်းတာပါ။  ဒီ Code လေးထည့်လိုက်တာနဲ့ ကျွန်တော်တို့ GridView မှာရှိတဲ့ Columns တွေဟာ Auto Adjust ဖြစ်သွားပါတော့တယ်။

ကိုစစ်ကိုင်း

Apr 21, 2011

VS Just In Time Debugger

sagaing

Software တွေကို​တင်​လိုက် ဖြုတ်​လိုက်​နဲ့ လုပ်​ပြီး တကယ်​အလုပ်​လုပ်​တော့​မယ်​ဆို​တော့ Visual Studio (C#) နှင့် ရေးထား​တဲ့ Program တွေ​ရယ်၊ dotNet Framework အခြေခံ အလုပ်​လုပ်​တဲ့ (exe files) တွေ​အလုပ် မ​လုပ်​နိုင်​တော့ပဲ ဒီ​ပြသ​နာ​တက်​ပါ​လေ​ရာ...ဒါ​နဲ့ Google မှာ အေဖြ​ရှာေ​တာ့ တော်တော်​များ​များဖြေ​ထား​ကြ​ပါ​တယ် သို့သော် သူ​တို့​ဖြေထား​တဲ့ အတိုင်း​ဖတ်​ကြည့်လိုက် ဖြေရှင်း​ကြည့်​လိုက်နဲ့ ဘယ်​လို​မှ​ကို မ​ရ​ဘူး error dialog box က တက်​မြဲတက်​နေ​တယ် နည်း​လမ်း​လည်း တော်တော်​စုံ​နေပြီ။  ဒီ Just in Time(JIT) Debugger က​ဘာ​လို့ ပေါ်ပေါ်​လာ​လည်း​ဆို​တော့ Application သို့မဟုတ် Program တစ်​ခု​ခု crashes ဖြစ်​ရင် ဒီ Debugger ပေါ်လာ​ပြီး Debug လုပ်​ဖို့ လာ​ပြောတာ​ပါ။  ဒီဟာက Common Error ဆို​တော့ တစ်ယောက်​နှင့်​တစ်​ယောက်​ ဖြစ်တဲ့​အခြေအနေ​က​လည်း ကွဲပြားတယ်။  JIT Debugger နှင့်​ပတ်​သတ်​ပြီး ဘာ​လည်း​ဆို​တာ ဒီ​မှာ လင့်မှာလေ့လာ​လို့​ရ​ပါ​တယ်။  ဒါ​ကတော့ Microsoft ရဲ့ ဒီ JIT Debugger ကို Enable/Disable လုပ်​တာ​နဲ့​ပတ်​သတ်​ပြီးလုပ်​ပုံလုပ်​နည်း ရှင်းလင်း​ချက်​ပါ။ နောက်ဆုံး​တော့ကျွန်တော်​လည်း ဟို​ပြင်ဒီ​ပြင်လုပ်​တာ​နဲ့ ဘာ​မှ​မ​ထူးခြားတော့ အကုန်​ဟို​ပြောင်း ဒီ​ပြောင်း​ဖြစ်ကုန်​ရော...ထုံးစံ​အတိုင်း System Restore ပြန်လုပ်​ခိုင်း​ကြည့်တယ် System Restore လည်း လက်​လျှော့သွား​တယ်။  ကဲ​လာ​ထား နောက်ဆုံး​နည်း VS ကို​ရော ပြီးတော့ dotNet Framework တွေ​ရာ​အကုန် ဖြုတ်ချ...ပြီးတော့ ပြန်တင် ပြီးတာ​နှင့် Windows Update လုပ်​လိုက်​မှ​ပဲပြေလည် သွားတော့တယ်။
ကို​စစ်ကိုင်း

Apr 19, 2011

AJAX UpdatePanel ထဲမှာ အလုပ်မလုပ်တဲ့ JQuery

sagaing
အခု ကျွန်တော် ဖြစ်တဲ့ ပြသနာက ASP.Net Page ထဲမှာ AJAX Update Panel တစ်ခုသုံးတယ် ပြီးတော့ အဲ့ဒီ Update Panel ထဲက JQuery Tab ထဲမှာ ASP.Net Server Controls တွေရှိတယ် အဲ့ဒီ Server Controls တွေအလုပ်လုပ်တဲ့ အချိန်မှာ PostBack ဖြစ်တယ် အဲ့လိုဖြစ်တဲ့ အချိန်မှာ JQuery Tab Panel က အလုပ်မလုပ်နိုင်တော့ပဲ ASP.Net Page ထဲမှာ အောက်မှာ မြင်ရတဲ့ အတိုင်းပြောင်းသွားတာပဲဖြစ်ပါတယ်....

PostBack မဖြစ်ခင်

ကိုစစ်ကိုင်း၏ မှတ်စုများ. Powered by Blogger.