May 27, 2011

ASP.Net GridView Column Width Auto Adjust

sagaing

ASP.Net မှာ Data တွေကို ပြဖို့ GridView ကိုသုံးကြပါတယ် အဲ့လိုသုံးတဲ့အခါ ပြချင်တဲ့ Data Field ကနည်းနည်းလေးဆို ကိစ္စမရှိပေမယ့် များလာပြီဆို GridView Column Width တွေချိန်ညှိရတာ တကယ် စိတ်ပျက်စရာပါ။  အခုဟာက Code အနည်းငယ်ထည့်ပြီး Columns တွေကို Auto Adjust လုပ်ခိုင်းတဲ့ သဘောပါ။  Code ကလည်း css Code လေးပါဘဲ။  GridView မှာ လိုအပ်တဲ့ Data တွေ Bind လုပ်ပြီးပြီဆိုရင် GridView ရဲ့ RowDataBound Event ထဲမှာ အောက်ပါ Code လေးထည့်လိုက်ပါ။

    protected void gvwMyGView_RowDataBound(object sender, GridViewRowEventArgs e)
    {
        for (int i = 0; i < e.Row.Cells.Count; i++)
        {
            e.Row.Cells[i].Attributes.Add("style", "white-space:nowrap;");
        }
    }

ASP.Net Server Control တစ်ခုထဲကို Client Code (JavaScript, css, etc) တွေထည့်ချင်တဲ့အခါ Attributes.Add(key, value) ကိုသုံးပါတယ်။  style ကတော့ css style ကိုသုံးမယ် white-space:nowwarp; ကတော့နောက်တလိုင်းကို မဆင်းခိုင်းတာပါ။  ဒီ Code လေးထည့်လိုက်တာနဲ့ ကျွန်တော်တို့ GridView မှာရှိတဲ့ Columns တွေဟာ Auto Adjust ဖြစ်သွားပါတော့တယ်။

ကိုစစ်ကိုင်း

မှတ်စုရေးသူအကြောင်း

sagaing / Software Engineer

နာမည်အရင်းမှာ လှိုင်မင်းထက်ဖြစ်ပြီး၊ ကိုစစ်ကိုင်းဆိုသည့် နာမည်ပြောင်နှင့် မိတ်ဆွေ၊ သူငယ်ချင်းများက ရင်းနှီးစွာခေါ်ကြပါသည်။ ယခင်ကမြန်မာနိုင်ငံတွင် သင်ကြားရေး နှင့် Software Development လုပ်ငန်းများတွင် ဝင်ရောက်လုပ်ကိုင်ခဲ့ပြီး၊ ယခုလက်ရှိမှာ စင်ကာပူနိုင်ငံရှိ နည်းပညာကုမ္ပဏီတစ်ခုတွင် ဝင်ရောက်လုပ်ကိုင်နေပါသည်။

0 ခုမှတ်ချက်ပေးထားတယ်။:

Post a Comment

ကိုစစ်ကိုင်း၏ မှတ်စုများ. Powered by Blogger.