Jun 10, 2011
ကွန်ပြူတာလောကမှ ဟာသများ
ဂျီပုန်းလုပ်နေတဲ့သား(ဂျီပုန်း = G-Talk တွင် Invisible ဖြင့်နေသူ)
သားဖြစ်သူ အပြင်မှ ပြန်လာရာ အဖေဖြစ်သူက ဆီးကြိုပြီး ပြောလိုက်တာက...
ဟေ့ကောင် မင်းမိဘတွေကို အရှက်ရအောင် မလုပ်နဲ့နော်၊ မင်း ဂျီပုန်း(အခြောက်) ဖြစ်နေတဲ့ အကြောင်းကို မင်းသူငယ်ချင်းဆီက ငါတို့သိပြီးပြီ...
သူငယ်ချင်းသူဋ္ဌေး
လူနှစ်ယောက် စကားပြောနေရာ...
ပထမတစ်ယောက်က...
ဟိုနေ့က ငါ့သူငယ်ချင်းဆီက ကားတစ်စင်းလက်ဆောင်ရတယ်။ ငါလည်း သူပို့ပြီးသားဖြစ်နေတော့ မငြင်းရက်လို့ ယူထားလိုက်တယ်။ ဟိုတလောကလည်း ငါ့မွေးမြူရေး အတွက်ဆိုပြီး နွားတွေကော၊ ဝက်တွေကော ပို့လိုက်တယ်တဲ့လေ၊ ငါ့လည်း ယူထားလိုက်ပါတယ် သူ့အားနာလို့။ ဒီနေ့လည်း ကြည့်ဦး စားကောင်း သောက်ဖွယ်တွေ ငါ့ကို ပို့ပေးတယ် ငါမငြင်းပါဘူး လက်ခံထားလိုက်တယ်။
ဒုတိယတစ်ယောက်က အံ့သြပြီး မေးရာ...
မင်းသူငယ်ချင်းက တော်တော် ချမ်းသာတာပဲနော်...
ထိုစဉ် ပထမတစ်ယောက်က...
ဟင်! ဒီကောင်လား ချမ်းသာနေပါဦးမယ် ဖေ့ဘွတ်မှာ အကုန်လျှောက်ပို့လို့ လက်ခံနေတာကွ!
အလုပ်မလုပ်တဲ့ကောင် လစာဖြတ်မယ်
IT သမားနှစ်ယောက် Program တစ်ခု မှန်ကန်စွာ အလုပ်မလုပ်နိုင်တဲ့ အကြောင်း ပြောနေကြရာ...
ငါလည်း ဒီကောင်ကို တခြားနေရာကနေခိုင်းကြည့်တာ မလုပ်ဘူး ဘာဖြစ်နေလည်း မသိဘူး။
ဒီကောင် အလုပ်မလုပ်တာ တစ်ခုခုတော့ မှားနေပြီ။
ထိုစဉ် သူဋ္ဌေးက အနားမှ ဖြတ်သွားပြီး ပြောလိုက်တာက...
ဓဟေ့ အလုပ်မလုပ်တဲ့ကောင် လစာဖြတ်မှာ နော်
Smart ဖြစ်ချင်ဦး
လူတစ်ယောက်သည် သူ၏ဖုန်းကို ပြန်ကောက်ယူလိုက် ပြန်ကိုင်ပေါက်လိုက် လုပ်နေသည်။ ပါးစပ်မှလည်း...
ကဲကွာ ဖြစ်ချင်ဦး။ ကဲကွာ ဖြစ်ချင်ဦး ဟု အော်ဟစ်နေသည်။
ထိုစဉ် အနားမှ လူတစ်ယောက်ကို ဖြတ်သွားဖြတ်လာ လူတစ်ယောက်က လှမ်းမေးရာ....
ဒီလူ အော်ကြီးဟစ်ကျယ်နှင့် ဘာဖြစ်နေတာလည်းဗျ။
အနားမှလူက ပြန်ဖြေလိုက်တာက...
Smart Phone ကိုသုံးပြီး သူ့ထက် ဖုန်းက Smart ဖြစ်နေလို့တဲ့ဗျာ...
ကိုစစ်ကိုင်း
Subscribe to:
Post Comments (Atom)
ကိုစစ်ကိုင်း၏ မှတ်စုများ. Powered by Blogger.

0 ခုမှတ်ချက်ပေးထားတယ်။:
Post a Comment