Showing posts with label ဟာသ. Show all posts
Showing posts with label ဟာသ. Show all posts

Jul 8, 2011

ကွန်ပြူတာလောကမှ ဟာသများ

sagaing

ကွန်ပြူတာ ကျွမ်းတဲ့သား

ဖခင်နှစ်ယောက် မိမိတို့သားများ ကွန်ပြူတာ ကျွမ်းကျင်ကြောင်း အကြွားပြိုင်နေကြရာ...

ပထမတစ်ယောက်က...

ကျုပ်သားက ကွန်ပြူတာ တအားကျွမ်းတာ ကီးဘုတ်များ ရိုက်တာ အရမ်းမြန်တာ တစ်စက္ကန့်ကို အလုံး ၅၀ ကျော်ပြီးတယ်...

ဒုတိယတစ်ယောက်ကလည်း အားကျမခံ ပြန်ပြောလိုက်တာက...

ခင်ဗျားသားက ဘယ်ဟုတ်သေးတုန်း ကျုပ်သားက ဟိုတလောက ကီးဘုတ်ပျက်သွားလို့ မောက်စ်နဲ့ စာရိုက်တာ တစ်စက္ကန့်ကို ၅၀ကျော်ရသဗျာ...ဒါတောင် မောက်စ်က ခလုတ် နှစ်ခုတည်းမို့နော် ကီးဘုတ်လို အများကြီးပါရင် စဉ်းစားသာ ကြည့်တော့...

အီး Student

ကွန်ပြူတာ သင်တန်းတစ်ခုတွင် ဆရာမှ Computer ဤ Electronic အကြောင်းသင်နေရာ...

အင်တာနက် နည်းပညာနဲ့အတူ e-Mail ဆိုတာလည်း ပေါ်လာတယ်။  အဲ့ဒီ e-Mail မှာ ရှေ့က e ဆိုတာ Electronic ဆိုတာကို ရည်ညွှန်းတယ်။  အဲ့ဒီ Electronic ကို e နဲ့ ကိုယ်စားပြုပြီး နောက်ပိုင်းမှာ e-Government တို့ e-Commerce တို့ e-Education တို့စတဲ့ အသုံးတွေ အများကြီး ထွက်လာတယ်။

ထိုစဉ် အတန်းထဲမှ ကျောင်းသားတစ်ယောက် တိတ်တိတ်လေး လေလည်ရာ တခန်းလုံး အနံ့တထောင်းထောင်းနှင့် ဟိုလူကြည့် ဒီလူကြည့်ဖြင့် တရားခံကို ရှာမတွေ့ရာ ဆရာက...

အေး အဲ့ဒါ အီး Student လို့ခေါ်တယ် ဟု ရီရီမောမော ပြောလိုက်ရာ...တခန်းလုံး ဝိုင်းရီကြလေသည်။

ဆရာက ဒီလောက်နံ့တဲ့ အီး ဘယ်ကျောင်းသားပေါက်လည်း သိချင်သောကြောင့် အတန်းဆင်းတော့ ကျောင်းသားများ ဝရုံးသုန်းကားဖြင့် ပြန်ရန် ပြင်ဆင်ပြီး အခန်းဝသို့ ထွက်နေကြစဉ်...ရုတ်တရက် လှမ်းအော်ပြီး ပြောလိုက်တာက...

ဟေ့ ခုနက အီး Student ဆရာ့စာအုပ်တွေ အခန်းထဲ လိုက်ပို့ပေးပါဦးကွာ...ဓ

ထိုစဉ်ကျောင်းသားတစ်ယောက်က...ဆရာနား  ပြေး၀င်လာပြီး...

ဟုတ်ကဲ့ ဆရာ ဘယ်အခန်းကို ပို့ပေးရမှာလည်း။

ထိုစဉ် ကျန်ကျောင်းသားများ ဝိုင်းရီကြလေသည်။

IT သမား အတင်းများ

IT သမားနှစ်ယောက် အတင်းတုပ်နေကြရာ...

ပထမတစ်ယောက် ။   ။ မင်း ဟိုစော်သိတယ်မို့လား ခင်ခက်ခက်ကလျာ မူယာကြော့လေ...

ဒုတိယတစ်ယောက်။   ။ သိတယ်လေ အဲ့စော်က Backup ကြီးနဲ့မို့လား...

ပထမတစ်ယောက် ။   ။ အေးဟုတ်တယ် အခု အရင် Version ကို Restore လုပ်ပြီး Backup ကို Delete လုပ်လိုက်တာလေ တော်တော်လည်တဲ့ စော်ကွ...

ဒုတိယတစ်ယောက်။   ။ ဟုတ်လား ဘာလို့လည်း...

ပထမတစ်ယောက် ။   ။ သူ့အရင် Version က အခု Inherience နဲ့လျှံနေတာလေ ဒါကြောင့်...

ဒုတိယတစ်ယောက်။   ။ ဟုတ်လား သူ့ Backup တောင် ဟိုတလောက တွေ့လိုက်တယ် လမ်းမှာ ဒီကောင့်ကြည့်ရတာ Burn ခံထားရတယ်နဲ့တူတယ်။

ပထမတစ်ယောက် ။   ။ ဟုတ်တယ် ဟိုတလောက ဟိုဘက်ရက်ကွက်ကကောင်တွေ Format ချပေးလိုက်တယ်ပြောတယ် ဒီကောင့်ကြည့်ရတာ Configure တွေ မမှန်တော့ဘူး။  ခုရက်ပိုင်း ဒီကောင် Hidden လုပ်နေတယ်။

တစ်ခုခု လိုနေသလားလို့

စိတ္တဇဆေးရုံတစ်ရုံတွင် မိမိကိုယ်မိမိကွန်ပြူတာဟုထင်နေသော အရူးတစ်ယောက်ကို ဝေဒနာသက်သာပြီး ဆေးရုံမှဆင်းခွင့် မပြုမှီ နောက်ဆုံးအနေနှင့် ဆရာဝန်ကြီးများက စမ်းသပ်မေးမြန်းနေရာ...

ဆရာဝန်ကြီး ။  ။ အမည်...

လူနာ ။  ။ မောင်ကျော်ပါ ခင်ဗျာ။

ဆရာဝန်ကြီး ။  ။ အရင်က ဘယ်သူနဲ့နေလည်း

လူနာ ။  ။ ကျွန်တော်မိဘများနဲ့ နေပါတယ်။

ဆရာဝန်ကြီး ။  ။ အခုလိုအချိန်မှာ စိတ်ထဲဘယ်လိုခံစားရလည်။

လူနာ ။  ။ ကျွန်တော်ပျော်ပါတယ်။  ဝမ်းလည်း ဝမ်းသာပါတယ်။  ဆရာတို့ကိုလည်း ကျေးဇူးတင်ပါတယ်။

ဆရာဝန်ကြီး ။  ။ အေးကွာ မလိုပါဘူး ငါတို့လည်း ဝမ်းသာပါတယ်။  ကဲကဲ ဒါဆို မင်းသွားနိုင်ပြီ။

လူနာ ။  ။ ဟုတ်ကဲ့ဆရာ ကျေးဇူးပါပဲ။  သွားလိုက်ပါဦးမယ်...

လူနာ အခန်းထဲမှ ထွက်သွားပြီး...ခဏအကြာ အခန်းထဲပြန်ဝင်လာပြီး ဆရာဝန်ကြီးကို လှမ်းမေးလိုက်တာက...

လူနာ ။  ။ ဆရာ ကျွန်တော်ကို Install လုပ်တုန်းက Configuration တစ်ခုခုလိုမယ်ထင်တယ် ကျွန်တော် အိမ်ရဲ့  Address ကိုကျွန်တော် Missing ဖြစ်နေလို့...

မသိပါဘူး

Programmer အလုပ်အင်တာဗျူးတစ်ခုတွင်...

မေးသူ။     ။ မင်း...Pascal ကိုသိလား...

ဖြေသူ။     ။ မသိပါဘူး

မေးသူ။     ။ ဒါဆို Microsoft ရဲ့ နောက်ဆုံးပေါ်  Programming Language ကဘာလည်း။

ဖြေသူ။     ။ မသိပါဘူး

မေးသူ။     ။ Database ဆိုတာဘာလည်း ရှင်းပြစမ်းပါ။

ဖြေသူ။     ။ မသိပါဘူး

မေးသူ။     ။ Javascript ကောသိလား။

ဖြေသူ။     ။ မသိပါဘူး

မေးသူ။     ။ HTML ရဲ့နာမည်အရှည်ကဘာလည်းကွာ ဒါဆို။

ဖြေသူ။     ။ မသိပါဘူး

(မေးတဲ့သူက စိတ်တိုလာပြီး...)

မေးသူ။     ။ မင်း မသိဘူးလို့ဖြေတာ ဘယ်နှစ်ကြိမ်ရှိပြီလည်း။

ဖြေသူ။     ။ မသိပါဘူး။

ကိုစစ်ကိုင်း

Jun 10, 2011

ကွန်ပြူတာလောကမှ ဟာသများ

sagaing

ဂျီပုန်းလုပ်နေတဲ့သား(ဂျီပုန်း = G-Talk တွင် Invisible ဖြင့်နေသူ)

သားဖြစ်သူ အပြင်မှ ပြန်လာရာ အဖေဖြစ်သူက ဆီးကြိုပြီး ပြောလိုက်တာက...

ဟေ့ကောင် မင်းမိဘတွေကို အရှက်ရအောင် မလုပ်နဲ့နော်၊ မင်း ဂျီပုန်း(အခြောက်) ဖြစ်နေတဲ့ အကြောင်းကို မင်းသူငယ်ချင်းဆီက ငါတို့သိပြီးပြီ...

သူငယ်ချင်းသူဋ္ဌေး

လူနှစ်ယောက် စကားပြောနေရာ...

ပထမတစ်ယောက်က...

ဟိုနေ့က ငါ့သူငယ်ချင်းဆီက ကားတစ်စင်းလက်ဆောင်ရတယ်။  ငါလည်း သူပို့ပြီးသားဖြစ်နေတော့ မငြင်းရက်လို့ ယူထားလိုက်တယ်။  ဟိုတလောကလည်း ငါ့မွေးမြူရေး အတွက်ဆိုပြီး နွားတွေကော၊ ဝက်တွေကော ပို့လိုက်တယ်တဲ့လေ၊ ငါ့လည်း ယူထားလိုက်ပါတယ် သူ့အားနာလို့။  ဒီနေ့လည်း ကြည့်ဦး စားကောင်း သောက်ဖွယ်တွေ ငါ့ကို ပို့ပေးတယ် ငါမငြင်းပါဘူး လက်ခံထားလိုက်တယ်။

ဒုတိယတစ်ယောက်က အံ့သြပြီး မေးရာ...

မင်းသူငယ်ချင်းက တော်တော် ချမ်းသာတာပဲနော်...

ထိုစဉ် ပထမတစ်ယောက်က...

ဟင်! ဒီကောင်လား ချမ်းသာနေပါဦးမယ် ဖေ့ဘွတ်မှာ အကုန်လျှောက်ပို့လို့ လက်ခံနေတာကွ!

အလုပ်မလုပ်တဲ့ကောင် လစာဖြတ်မယ်

IT သမားနှစ်ယောက် Program တစ်ခု မှန်ကန်စွာ အလုပ်မလုပ်နိုင်တဲ့ အကြောင်း ပြောနေကြရာ...

ငါလည်း ဒီကောင်ကို တခြားနေရာကနေခိုင်းကြည့်တာ မလုပ်ဘူး ဘာဖြစ်နေလည်း မသိဘူး။

ဒီကောင် အလုပ်မလုပ်တာ တစ်ခုခုတော့ မှားနေပြီ။

ထိုစဉ် သူဋ္ဌေးက အနားမှ ဖြတ်သွားပြီး ပြောလိုက်တာက...

ဓဟေ့ အလုပ်မလုပ်တဲ့ကောင် လစာဖြတ်မှာ နော်

Smart ဖြစ်ချင်ဦး

လူတစ်ယောက်သည် သူ၏ဖုန်းကို ပြန်ကောက်ယူလိုက် ပြန်ကိုင်ပေါက်လိုက် လုပ်နေသည်။  ပါးစပ်မှလည်း...

ကဲကွာ ဖြစ်ချင်ဦး။  ကဲကွာ ဖြစ်ချင်ဦး ဟု အော်ဟစ်နေသည်။

ထိုစဉ် အနားမှ လူတစ်ယောက်ကို ဖြတ်သွားဖြတ်လာ လူတစ်ယောက်က လှမ်းမေးရာ....

ဒီလူ အော်ကြီးဟစ်ကျယ်နှင့် ဘာဖြစ်နေတာလည်းဗျ။

အနားမှလူက ပြန်ဖြေလိုက်တာက...

Smart Phone ကိုသုံးပြီး သူ့ထက် ဖုန်းက Smart ဖြစ်နေလို့တဲ့ဗျာ...

ကိုစစ်ကိုင်း

May 17, 2011

ကွန်ပြူတာလောကမှ ဟာသများ

sagaing

ဘယ်သွားနေတာလည်း
ရုံးတစ်ရုံးတွင် Mail Server Down သွားရာ GM က စိတ်ဆိုးပြီး Server Admin ကိုခေါ်ပြီးမေးရာ...
GM        ။ Mail ပို့လို့မရ‌တော့ဘူး မင်းတို့ IT ဋ္ဌာနမှာ ဘာ‌တွေဖြစ်ကုန်တာလည်း အရေးကြီးပါတယ်ဆိုမှ။
Server Admin    ။ Mail Server Down သွားလို့ပါ အခု Reset လုပ်ထားပါတယ်။
GM        ။ ဒါဆို အခုဘာလို့ ပို့လို့မရတာလည်း။
Server Admin    ။ Server မတက်‌ သေးလို့ပါ။
GM        ။ ဟေ့! အရေးကြီးနေပါတယ်ဆိုမှ Server ကမတက်ရအောင် ဒီကောင်က ဘယ်သွားနေတာလည်းကွ။

iPad
ပထမလူ။        ။ အခု iPad ကတော်တော်အသုံးဝင်တယ်‌နော်။  ငါတော့အရမ်း ကြိုက်သွားပြီ။
ဒုတိယလူ။        ။ အေးကွာ... ငါလည်း iPad သုံးချင်တယ် ပိုက်ဆံစုပြီး iPad ဝယ်ဦးမယ်။
ထိုစဉ် အနီးအနားမှ ဦး‌လေးကြီးတစ်ယောက်က လှမ်းပြောလိုက်တာက...
ဦး‌လေးကြီး။    ။ မင်းတို့‌ခေတ်က ပိုက်ဆံအတော်ကုန်တဲ့ ခေတ်ပဲကွာ ဘယ်နယ့် အိုင်ပက်ဖို့တောင် ပိုက်ဆံ‌တွေဘာတွေ စုပြီးမှ ပက်ရတယ်လို့...

ကွယ်ထား
Gtalk ‌ထဲတွင် Invisible mode နှင့် Chat နေသော လူတစ်ယောက်က သူ့သူငယ်ချင်းတစ်‌ယောက်ကို Gtalk မှ လှမ်းပြီး ပြောလိုက်တာက...
ဟေ့ကောင် ငါမင်းနဲ့ Chat တာ တခြားမင်း Gtalk ထဲကကောင်တွေ မမြင်စေနဲ့နော်...

ပေါက်ကရတွေ
Software Developer နှစ်ယောက် စကားပြောနေကြရာ...
ပထမလူ    ။ မင်း နီကိုလိုင် သိတယ်မို့လား?
ဒုတိယလူ    ။ သိတယ်လေ ဘာလို့လည်း။
ပထမလူ    ။ ဒီကောင် Google ရဲ့ ဂျီတော့ခ်ကို ယှဉ်ပြိုင်ဖို့ သမင်တော့ခ် တီထွင်နေတယ် ပြောတယ်...
ဒုတိယလူ    ။ ဒါတင် ဘယ်ဟုတ်မလည်း အရင်က Google ရဲ့ ဆားအင်ဂျင်ကို ပြိုင်ဖို့ လုပ်သေးတယ် သွေးတိုးရှိလို့ ဆက်မလုပ်ဖြစ်တာ...

Widget အနေနှင့် ထည့်ပေးလိုက်တယ်
စိတ္တဇ ဆေးရုံတစ်ရုံတွင် Web Developer အရူးများက ဆေးရုံထဲရှိ အခြား အရူးများအား တစ်ယောက်ခြင်းစီ ဖမ်းချုပ်ပြီး အဝတ်များကို ဆူပါမင်းကဲ့သို့ လည်ပင်းတွင် စီးစေကာ ဝရံတာမှ အပြင်သို့ တစ်ယောက်ခြင်းစီ တွန်းချနေကြရာ တာဝန်ကျ ဆရာဝန်ရောက်လာပြီး ဝရုံးသုန်းကားဖြစ်နေသော လူနာများကို လှမ်းေပြာရာ...
"ဟေ့ ဟေ့ တော်ကြတော့ အကုန်ဒုက္ခရောက် ကုန်တော့မှာပဲ တာဝန်ကျ သူနာပြုတွေ ဘယ်ရောက် ကုန်ကြပြီလဲဟေ့..."
ထိုစဉ် ဘေးနားမှ Web Developer အရူးတစ်ယောက်က ပြန်ေပြာလိုက်တာက...
"သူတို့တွေ ပထမဆုံး လွှင့်တင်တဲ့ Website မှာ Widget တွေ အနေနှင့် ထည့်ပေးလိုက်တာလေ....ဟီးးး ဟီးးး"

ကိုစစ်ကိုင်း

Oct 5, 2010

ကွန်ပြူတာလောကမှ ဟာသများ

sagaing

Virus ဝင်‌နေလို့ပါ
စိတ္တဇ ‌ဆေးရုံတရုံတွင် သူ့ကိုယ်သူ ကွန်ပြူတာတစ်လုံးဟုထင်‌နေသော လူနာတစ်‌ယောက်သည် ‌အော်ဟစ်ပြီး ဟိုဘက်သည်ဘက် ပြေးနေလေသည်။  သူ‌အော်ဟစ်‌နေသည်က...
"‌ဟေ့! တစ်‌ယောက်‌ယောက် Esc Key ကိုနှိပ်‌ပေးကြပါဦး။  Program တစ်ခုက Looping Infinity ထိပတ်‌နေလို့!"
ထိုစဉ် အခြားလူနာတစ်‌ယောက်က လှမ်းတားပြီး...
"Esc Key ကဘယ်နားမှာလည်း" ဟုလှမ်း‌မေးတော့...
"ဒီမှာ‌လေဗျာ" ဟု နှာ‌ခေါင်းကို ထိုးပြလေသည်။
ထိုစဉ် ထိုလူက နှာ‌ခေါင်းကို နှိပ်လိုက်‌လေရာ...ကွန်ပြူတာဟု ကိုယ့်ကိုကိုယ်ထင်‌နေသောလူကပြေးနေတာရပ်သွားပြီး Esc Key ကိုနှိပ်‌ပေးသော လူရဲ့ပါးကို ဘယ်ပြန်ညာပြန် ဆက်ခါဆက်ခါ ရိုက်‌နေ‌တော့သည်။
ထိုစဉ် အခန်း‌စောင့် သူနာပြုဆရာမ ‌ရောက်လာပြီး...
"‌ဟေ့ဟေ့ ဘာဖြစ်လို့ အဲ့‌လောက်‌တောင် ရိုက်‌နေရတာလည်း ‌တော်တော့လေ...ရပ်‌တော့!" ဟုလှမ်း‌ပြောရာ...
ကွန်ပြူတာဟု သူ့ကိုယ်သူထင်‌နေသော လူနာကပြန်ပြောလိုက်တာက...
"ဟီး ဟီး ရပ်လို့ မရဘူး ကွန်ပြူတာက Virus ဝင်‌နေလို့။"

အထူးမှာကြားချက်
‌တောရွာတစ်ရွာမှ မိဘဖြစ်သူ‌တွေက မြို့တွင်‌ကျောင်းတက်‌ေနေသာ သားဖြစ်သူဆီသို့ စာ‌ရေးပို့ရာ...

သား
အ‌ဖေနှင့်အ‌မ စာ‌ရေးလိုက်တယ်။  သားကျမ္မာ‌ရေးကို ဂရုစိုက်ပါ။  ရွာမှာအ‌ဖေနှင့်အ‌မေလည်း ကျမ္မာတယ်။  အားလုံးအဆင်‌ပြေတယ်။  သားကိုအထူးမှာချင်တာက သားမြို့မှာ အင်တာနက်ထဲ ခဏခဏဝင်‌နေတယ် ကြားတယ် သားအင်တာနက်ထဲဝင်ပြီးရင် ပြန်ထွက်ဦး‌နော်သား ...မင်းအ‌မေကလည်း ငါ့သား အင်တာနက်ထဲ ဝင်သွားပြီးမှ ပြန်ထွက်လို့မရမှာတို့၊ ထွက်‌ပေါက်‌ပျောက်‌နေမှာတို့၊ တစ်‌ယောက်‌ယောက်က အထဲမှာ ပိတ်ထားမှာတို့ အဲ့လို‌တွေဖြစ်သွားမှာ အရမ်း စိတ်ပူ‌နေတယ်သား...အ‌ဖေနှင့်အ‌မေ စိတ်ချချင်တယ် သားရယ်...

ချစ်‌သော
အ‌ဖေနှင့်အ‌မေ

အောင်ပွဲခံ
Project ပြီးသွား‌သောကြောင့် Programmer များ‌အောင်ပွဲခံ‌နေကြပုံ...
Shift To The Left, Shift To The Right!
Pop Up, Push Down, byte, byte, byte!

ခဏ‌နေဦး
စိတ္တဇ ‌ဆေးရုံတစ်ရုံ၏ ထမင်းစား‌ဆောင်တွင် ထမင်းစားချိန်ဖြစ်‌သောကြောင့် လူနာများ ထမင်းကိုယ်စီစား‌နေစဉ် လူနာတစ်‌ယောက်သည် ထမင်းမစား‌သေးဘဲ ထမင်းပန်းကန်ကိုကြည့်လိုက် ‌ခေါင်းကိုရမ်းလိုက်ဖြင့် လုပ်‌နေသည်ကို တာဝန်ကျသူနာပြုဆရာမက ထိုသူနားကပ်ပြီး ‌ချော့ချော့မော့မော့ ‌လေသံဖြင့်...
"ထမင်းစား‌တော့လေ သူများ‌တွေတောင် စားပြီးတော့မှာ စား‌တော့နော်" ဟုပြောလိုက်တော့...
ထိုလူနာက...
"ခဏ‌လေး ခဏ‌လေး Condition စစ်‌နေတာ မပြီးသေးလို့ ‌နောက်ဆုံးတစ်ကြိမ်ပဲ ကျန်‌တော့တယ်..."

Number System ပဲသိတယ်
Programmer တစ်‌ယောက်ကို လူတစ်‌ယောက်က ‌မေးခွန်းတစ်ခုလှမ်း‌မေးရာ...
မင်းတို့ Pogrammer ‌တွေဘာလို့ Christmas ‌နေ့နှင့် Halloween ‌နေ့ရောနေရတာလည်း။
ဘာလို့လည်းဆို‌တော့ DEC 25 က OCT 31 နှင့် တန်ဖိုးတူတူပဲ‌လေ...

ကိုစစ်ကိုင်း

Sep 30, 2010

ကွန်ပြူတာလောကမှ ဟာသများ

sagaing

‌‌ဇော်ဂျီ ရှာပုံ‌တော်
ကျွန်ပြူတာသမားတစ်‌ယောက်၏ အဖိုးနှင့်အဖွား စကားစမည်‌ပြော ‌နေကြရာ...
အဖွား ။    ။ ‌ခေတ်ကာလများ ဆန်းကြယ်ပ ‌ဇော်ဂျီကို အင်တာနက်ထဲက‌တောင် အလွယ်တကူ ရှာလို့ရတယ်ဆိုပဲ။
အဖိုး  ။     ။ ဟုတ်ပ မဖွားတင်ရာ...ဟိုး‌ရှေးတုန်းက ‌တောထဲမှာဘဲ ‌တွေ့ရတယ်လို့ ကြားဖူးတာ။  ဒါ‌တောင် ‌တော်ရုံ ‌တွေ့ဖို့‌တောင် မလွယ်ဘူး။

User Guide ကဘယ်မှာလည်း
Computer Programmer တစ်‌ယောက်က သူ့သားအတွက် ‌ဘောလုံးအသစ် တစ်လုံးဝယ်လာရာ....
အ‌ဖေ ။    ။ သား‌ရေ...‌ရော့ ဒါမင်းအတွက် အ‌ဖေဝယ်လာခဲ့တာ။
သား ။    ။ ‌ဟေး...ဒါမှ ဒို့‌ဖေဖေကွ။  ဟင်! User Guide ကဘယ်မှာလည်း ဖေဖေ။

နာမည်အဓိက
Programming Language တစ်ခုမှာ အ‌ရေးအကြီးဆုံးက နာမည်ပါဘဲ။  သူ့ကို‌ခေါ်ဆိုတဲ့ နာမည်မ‌ကောင်းဘူးဆို  အဲ့ဒီ Programming Language ကလည်း ‌အောင်မြင်မှုရရှိမှာ မဟုတ်ဘူး။  ဒါကြောင့် ကျွန်‌တော် မကြာသေးမှီကမှ အလွန်‌ကောင်းတဲ့ နာမည်တစ်ခုကို နက်နက်နဲနဲ ‌တွေးတောပြီး တီထွင်ခဲ့ပြီးပါပြီ။  အခု သင့်‌တော်တဲ့ Programming Language တစ်ခုဖြစ်လာဖို့ ကျွန်‌တော် ‌မျှော်လင့်‌နေပါတယ်။

အရမ်းမမြင့်‌စေနဲ့
အ‌မေက သားဖြစ်သူ ကွန်ပြူတာသင်တန်း သွားခါနီး...
အ‌မေ ။    ။ "သား Online‌တွေ တအားတက်တယ်ဆို..."
သား ။    ။ "ဟုတ်ကဲ့ အ‌မေ"
အ‌မေ ။    ။ "တက်ရင်လည်း အမြင့်ကြီးထိ မတက်နဲ့‌နော် သား..."

ဒီလိုလုပ်ပါ့လား
Project Manager, Computer Programmer နှင့် Computer Operator တို့ကား ‌အတူစီးလာ ရင်းလမ်းမှာ ရုတ်တရက် ကားဘီး‌ပေါက်သွား‌တော့...
ပထမဆုံး Project Manager က...
"ဒီတိုင်းဆို (၁၀)မိနစ်အတွင်း အငှားကား တစ်စီးကို လှမ်းတားပြီး ငှားကြရ‌အောင်...ဒါမှ အမြန်‌ရောက်မှာ...။"
ဒါနဲ့ Computer Programmer က...
"ငါမှာ Driver လက်စွဲပါတယ်...ဒီ ဘီး‌ပေါက်တာ‌လောက်‌တော့ ဖာရတာလွယ်ပါတယ် ဖာပြီးရင် ခရီးဆက်တာ‌ပေါ့။"
Computer Operator ကလည်း...
"အရင်ဆုံး...အင်ဂျင်ကို ပိတ်လိုက် ပြန်နှိုးကြည့်။  ဒါဆို အဆင်‌ေပြသွားမယ်ထင်တယ်..."
ထိုစဉ် ရုတ်တရက် Microsoft မှ Software Engineer ‌ရောက်လာပြီးပြောလိုက်တာက...
"ကားတံခါး‌တွေကို အကုန်လုံး ပိတ်ဖို့ ကြိုးစားပါ။  ပြီးရင် ကား‌ပေါ်မှဆင်းပါ။ ပြီးတော့ ကား‌ပေါ်ကိုတက်ပါ။  ‌နောက်ပြီး ထပ်ကြိုးစားကြည့်ပါဦး။"

Cyber Sex
ဒီ‌နေ့ INTERNETထဲမှာ ‌ကောင်မ‌လေးတစ်‌ယောက်နှင့် လိင်ကိစ္စအတွက် အခန်းထဲမှာ ကျွန်‌တော် တစ်‌ယောက်တည်း အဝတ်အစား‌တွေမပါဘဲ ကွန်ပြူတာ Screen ကိုကြည့်ပြီး စိတ်လှုပ်ရှားစွာ ‌စောင့်စား‌နေတယ်...

ကိန်းရှင်ဆိုတာ...
ကွန်ပြူတာသင်တန်း‌ကျောင်းတစ်ခုတွင် Programming Language အ‌ကြောင်းသင်‌နေရာ...
ဆရာ ။    ။ Program ‌တွေရေးတဲ့အခါ Variable ‌တွေကို သုံးရတယ်။  Variable ဆိုတာ မြန်မာလို ကိန်းရှင်လို့‌ခေါ်တယ်။
ထိုစဉ် ‌ကျောင်းသားတစ်‌ယောက် အိပ်ငိုက်‌နေရာ...ဆရာက ရုတ်တရက် လှမ်း‌မေးလိုက်ရာ...
ဆရာ ။    ။ ‌ဟေ့! ‌အောင်ဘု ကိန်းရှင်ဆိုတာ ဘာလည်းကွ! ထပြီးဖြေစမ်းပါဦး။
အောင်ဘုမှာ အိပ်ချင်မူးတူးဖြင့် လှမ်း‌ဖြေလိုက်တာက...
တပည့် ။    ။ မ‌သေကိန်းပါ ဆရာ...

အ‌မေစိတ်ပူတယ်
ကွန်ပြူတာ ပရိုဂရမ်မာ တစ်‌ယောက်ရဲ့ အ‌မေကသူ့သားကို စိုးရိမ်တကြီးဖြင့်...
"သား...ကွန်ပြူတာနဲ့ပြိုင်ပြီး တအားမ Run နဲ့‌နော်"

ကိုစစ်ကိုင်း

Mar 8, 2010

facebook မှာပြချင်သလား ^_^

sagaing
 ‌တော်၂ မိုက်ရိုင်းတဲ့ Facebook Profile။ :P

Dec 1, 2009

ကွန်ပြူတာလောကမှ ဟာသများ

sagaing
ကျက်တဲ့‌နေရာမှား‌နေတယ်

ကွန်ပြူတာတက်‌နေသော ‌ကျောင်းသားနှစ်‌ယောက် Programming စာ‌မေးပွဲ‌ေဖြရန် စာကျက်‌နေကြရာပထမ‌ကျောင်းသားက -
Private Sub cmdDisplay_Click() Dim i As Integer For i=1 To 10 Step 1 ......စသည်တို့ကို အစချီပြီးကျက်‌နေရာဒုတိယ‌ကျောင်းသားက -

ဆရာကြီးဂိုက်ဖြင့် လှမ်း‌ပြောလိုက်တာက -
"‌ဟေ့ကောင် မင်း‌တော်တော်အတဲ့‌ကောင်ဘဲ Private Sub တို့ဘာတို့ဆိုတာ အဆင်သင့်ပါပြီးသားကွ။ Dim ကစကျက်ရမှာ"

ဒါ‌တောင်အားမပါ‌သေးဘူး

ကွန်ပြူတာစာသင်ခန်းတစ်ခုတွင် သင်တန်းဆရာက မြန်မာစာလက်ကွက် ရိုက်နည်းစသင်မည့် ‌နေ့တ‌နေ့တွင်....
"အားလုံး နား‌ထောင်ပါ Microsoft Word ထဲမှာ မြန်မာစာရိုက်ဖို့ ‌ဖောင့်‌ပြောင်းပြီးရင် Cap Lock Key ကိုပိတ်ရိုက်ရမယ်...ကဲစရိုက်ရ‌အောင်။"
ထိုအချိန်တွင် ‌နောက်ဆုံးကွန်ပြူတာတွင် ထိုင်‌နေသော ‌ကျောင်းသားတစ်‌ယောက်ဆီမှ...ဖြောင်း!... ဆို‌သောအသံတစ်ခုကြားလိုက်ရာ... သင်တန်းဆရာက ထိတ်လန့်‌သောအသံဖြင့်...
"‌ဟေ့ဟို‌နောက်ဆုံးက ဘာဖြစ်တာလဲ..."‌ကျောင်းသားကပြန်‌ပြောလိုက်တာက‌တော့....
"ဆရာဘဲ Cap Lock Key ကို ပိတ်ရိုက်ဆိုလို့ ရိုက်လိုက်တာပါ။ ဒါ‌တောင် အားမပါ‌သေးပါဘူး ဆရာ။"

ဘာမှတ်လဲ

ကွန်ပြူတာတက်‌နေသော ‌ကျောင်းသားတစ်‌ယောက်အရပ်ထဲတွင် ရန်ဖြစ်ရာ‌ဒေါသတကြီးနှင့်ပြောလိုက်တာက..
"‌ဟေ့ကောင် မင်းငါ့ကို ဘာမှတ်လဲ Looping ထဲထည့်ပြီး Variable ‌တွေနဲ့ထုလိုက်လို့ အသက်‌ပျောက်သွားမယ်။"

အရမ်းကြီးမှာဘဲ‌နော်

ကွန်ပြူတာ သမိုင်းကိုဆရာက ‌ကျောင်းသားများကို သင်ရာ...
"ဟိုး...အရင်တုန်းက ကွန်ပြူတာဟာ မင်းတို့မျက်စိထဲမြင်‌အောင်ပြောရမယ်ဆိုရင် စက်ရုံကြီးတရုံ၊ (သို့) ဂို‌ဒေါင်ကြီးတခုလိုပဲကွ...."ထိုစဉ် ‌ကျောင်းသားတစ်‌ယောက်က ထပြီးမေးရာ...
"ဆရာဒါဆိုရင် Mouse ဆို‌တော်တော်ကြီးမှာ ဘဲ‌နော်"
ဆရာကရွဲ့ပြီး...."‌အေပေါ့ကွာ Keyboard က Key တခုတခုဆို ထိုင်ခုံ‌လောက်‌တောင်ရှိတာ...Key နှိပ်ဖို့ လူ‌တွေတက်ဖိရတယ်.."
ဒါကို‌ကျောင်းသားက...
"မြင်ဘူးချင်လိုက်တာ ဆရာရယ်ဘယ်မှရှိလဲ ကျွန်‌တော်သွားကြည့်ချင်လို့ပါ..."
ဆရာကပြန်‌ေပြာလိုက်ရာ....
"‌ဟေ့ကောင် မင်းကိုရွဲ့‌ပြောနေတာ‌ဟေ့!..."

ကုန်မှာစိုးတယ်

Microsoft Word ထဲတွင် စာလုံးများကို အ‌ရောင်ထည့်တာကို စသင်‌သောနေ့တွင်၊ ရိုက်ထား‌သောစာပိုဒ်မှ တစ်ပုဒ်စီကို အ‌ရောင်တစ်‌ရောင်စီထည့်ရန် ဆရာက‌ပြောပြီးလုပ်ခိုင်းရာ....‌ကျောင်းသူတစ်‌ယောက်မှာ စာပိုဒ်မှ စာအနည်းငယ်ကိုသာ အ‌ရောင်ကို အနည်းငယ်စီထည့်‌နေတာကို ဆရာကမြင်သွားရာ
"‌ဟေ့ဘာလို့ အ‌ရောင်ကို စာပိုဒ်အားလုံးအတွက် မထည့်တာလဲ?" ထိုစဉ် ‌ကျောင်းသူကပြန်‌ပြောလိုက်တာက....
"ဆရာရယ် အ‌ရောင်‌တွေကုန်သွားရင် ဆရာတို့ပြန်ပြန်ထည့် ‌နေရမှာ‌ပေ့ါ"

Mask သုံး‌စေချင်တယ်

ကွန်ပြူတာတက်‌နေသော ‌ကျောင်းသားကို သူ့အ‌မကစိတ်ပူ‌သော အသံဖြင့်...
"သား‌ရေ ကွန်ပြူတာသုံးရင် နှာ‌ခေါင်းအုပ်‌လေးဘာ‌လေး အုပ်ပြီးသုံး‌နော် ကွန်ပြူတာပိုး‌တွေသောင်းကျန်း‌နေတယ်ဆိုလားဘဲ အ‌မေ‌ဈးထဲကကြားခဲ့လို့။"

ကိုစစ်ကိုင်း
ကိုစစ်ကိုင်း၏ မှတ်စုများ. Powered by Blogger.