Jan 2, 2017

ASP.Net GridView ထဲမှ Data ကို Client Side မှာပဲ ရှာဖွေခြင်း

sagaing
Website တွေမှာ Client Side နှင့် Server Side အသွားအလာနည်းအောင် လုပ်ထားခြင်းဟာလည်း မိမိ Website ကို ပိုမိုမြန်ဆန်စေပါတယ်။  အခု Code လေးဟာ JQuery နှင့် ASP.Net GridView ကိုပေါင်းသုံးထားတာပါ။  ASP.Net Page တစ်ခုမှာ GridView ထဲမှ Data ကို Search လုပ်ဖို့ TextBox (ID = id_search) တစ်ခုနှင့် GridView (ID = table_example) တစ်ခုရှိပါမယ်။  TextBox ထဲမှာ တစ်ခုခု ရိုက်ထည့်လိုက်ရင် ထည့်လိုက်တဲ့ Data ကို GridView ထဲမှာ Live Search လုပ်ပေးတာဖြစ်ပါတယ်။  ဒီ Program ရေးဖို့ အောက်ပါ JQuery ဖိုင်ကို Download ချပါ။


ပြီးရင် ASP.Net Page ရဲ့  body  မတိုင်ခင်မှာ။ 

jquery-2.0.3.js အဓိကဖိုင်ကို script tag နှင့် ထည့်ပါ။  ပြီးလျှင် Download ချထားတဲ့
jquery-quicksearch.js ဖိုင်ကို နောက်ထပ် script tag နှင့် နောက်တစ်ကြောင်းထည့်ပါ။
ပြီးလျှင် နောက်ထပ် script tag တခုဖွင့်ပြီး အောက်ပါ script code ကို ထည့်ရေးလိုက်ပါ။

    $(function () {
         $('input#id_search').quicksearch('table#table_example tbody tr');
    })

ပြီးလျှင် script tag ပိတ်ပါ။ ဒါတွေရေးပြီးတာနှင့် Run လိုက်ရင် Client Side မှာပဲ ရှာဖွေတဲ့ အလုပ်ကို လုပ်နိုင်ပါလိမ့်မည်။

(မှတ်ချက်။ November 10, 2013 နေ့က ဖေ့ဘွတ်မှာ ရေးသားခဲ့သော မှတ်စုတစ်ခုဖြစ်ပါသည်။)

မှတ်စုရေးသူအကြောင်း

sagaing / Software Engineer

နာမည်အရင်းမှာ လှိုင်မင်းထက်ဖြစ်ပြီး၊ ကိုစစ်ကိုင်းဆိုသည့် နာမည်ပြောင်နှင့် မိတ်ဆွေ၊ သူငယ်ချင်းများက ရင်းနှီးစွာခေါ်ကြပါသည်။ ယခင်ကမြန်မာနိုင်ငံတွင် သင်ကြားရေး နှင့် Software Development လုပ်ငန်းများတွင် ဝင်ရောက်လုပ်ကိုင်ခဲ့ပြီး၊ ယခုလက်ရှိမှာ စင်ကာပူနိုင်ငံရှိ နည်းပညာကုမ္ပဏီတစ်ခုတွင် ဝင်ရောက်လုပ်ကိုင်နေပါသည်။

0 ခုမှတ်ချက်ပေးထားတယ်။:

Post a Comment

ကိုစစ်ကိုင်း၏ မှတ်စုများ. Powered by Blogger.