Jan 2, 2017

Ruby, Rails နှင့် Ruby on Rails ဆိုတာဘာလဲ။

sagaing
Ruby on Rails ကို အမြည်းသဘောမျိုး နည်းနည်းချင်းဖတ်ပြီး လေ့လာကြည့်နေတာကြာပြီ အဲ့မှာထူးခြားတဲ့အပိုင်းလေးတွေ ကျွန်တော်တို့ သိသင့်တာလေးတွေ၊ မဖြစ်မနေ နောက်ပိုင်းမှာ လေ့လာရမှဖြစ်မယ့် အချက်လေးတွေ သွားတွေ့တယ်။  Ruby on Rails ဆိုတာကို တချို့လည်းကြားဖူးပြီးသားလူတွေ၊ လေ့လာဖူးပြီးသားလူတွေ၊ လက်ရှိလုပ်နေတဲ့လူတွေလည်း ရှိမှာပါ။ "ရတနာစိန်ကျောက် ဇယ်တောက်တမ်း ကစားရအောင်" ဆိုတာ Programming လောကမှာ Ruby on Rail ကို ပြောတာလားမသိဘူး :) ဘာလို့လည်းဆိုတော့ Ruby မှာ Gems ဆိုတာတွေလည်း ထပ်ပြီးရှိလို့လေ။  ကျွန်တော်တို့ Internet ထဲမှာ Website နှင့် Web Application ဆိုပြီး နှစ်မျိုးရှိပါတယ်။  ယခု မျက်မှောက်ခေတ်ကာလမှာ Website တစ်ခု ဖန်တီးခြင်းဆိုတာ သာမာန် Programming မတတ်တဲ့ လူတစ်ယောက် လုပ်နိုင်တဲ့ အလုပ်တခုလို့ ပြောလို့ရနေပါပြီ။  ဘာလို့လည်းဆိုတော့ Blog တွေ Content Management System (CMS) တွေဟာ တကယ်တော့ သာမာန် Programming အကြောင်း အသေးစိတ် မသိတဲ့ လူတွေ အသုံးပြုဖို့ (သို့) အသုံးပြုနိုင်ဖို့အတွက် ဖန်တီးထားတဲ့ Web Technology တွေပါ။  အဲ့ဒီမှာ ဒီ Blog စနစ်၊ CMS စနစ်နှင့် တခြား Web application ကြီးတွေ ဖန်တီးဖို့ အတွက်ကြတော့ JAVA, RoR, PHP, ASP, Perl, Python, Cold Fusion စသည့် Programming Language တွေကို အသုံးပြုပြီး ဖန်တီးကြပါတယ်။  ကျွန်တော်တို့ လက်ရှိ Open Source World မှာဆိုရင် တကယ့် လက်ရှိအသုံးများနေတဲ့ CMS တွေကို PHP နှင့် MySQL ကိုအသုံးပြုပြီး ရေးသားထားကြပါတယ်။  CMS အားလုံးဟာ PHP နှင့် MySQL ကိုသုံးပြီးရေးသားထားကြတာလား ဆိုတော့ မဟုတ်ပါဘူး။  Worpress, Joomla နှင့် Drupal တို့ဟာ PHP နှင့် MySQL ကိုအသုံးပြုထားတဲ့ CMS တွေဖြစ်ပြီး ဒီ (၃) မျိုးကိုတော့ လူတော်တော်များများ သိပြီး အသုံးများတဲ့ CMS တွေလည်း ဖြစ်ပါတယ်။  PHP ဟာ တကယ်တော့ လုံးဝ OOP Feature ကို အပြည့်အဝ အသုံးပြုနိုင်တဲ့ Language တခုမဟုတ်သလို အားနည်းချက်တွေလည်း ရှိပါတယ်။  Ruby on Rails (RoR) ဆိုတာ CMS စနစ်တွေ၊ Web Application တွေ ဖန်တီးတဲ့အခါမှာ လက်ရှိအသုံးများလာတဲ့ Language တခုဖြစ်ပါတယ်။  Free အသုံးပြုလို့ရတဲ့ Language တခုဖြစ်သလို Linux, Ubuntu စတဲ့ Free Operating System တွေပေါ်မှာလည်း ကောင်းကောင်းအလုပ်လုပ်နိုင်ပါတယ်။  Ruby ဆိုတာလုံးဝ OOP Language တခုဖြစ်ပြီး Rails ဆိုတာကတော့ Web Application Framework တခုဖြစ်ပါတယ်။  အဲ့ဒီတော့ Ruby on Rails (RoR) ဆိုတာက Ruby ကိုအသုံးပြုထားတဲ့ Rails Web Application Framework တခုလို့ ခေါ်လို့ရပါတယ်။  ဒါဆိုရင် ဘာကြောင့် RoR ကိုအသုံးပြုဖို့ ရွေးချယ်မှာလည်း ဆိုတော့ အဓိကအချက်က Free ဖြစ်တဲ့အတွက်ဖြစ်တယ်။  ဒါတင်ပဲလားဆိုတော့ မဟုတ်ပါဘူး Web Application တခုအတွက် လိုအပ်တဲ့ Model တွေ အလွယ်တကူ မြန်မြန်ဆန်ဆန် ဖန်တီးလို့့ရပါတယ်။  Web Application တခုမှာ ပြင်ချင်တာ၊ ဖြုတ်ချင်တာ၊ အသစ်ထည့်ချင်တာတွေ အလွယ်တကူလုပ်လို့ရပါတယ်။  ပြီးတော့ Model-View-Controller (MVC) Framework တခုဖြစ်လို့ Developer တွေရဲ့ Code တွေကို စီမံခန့်ခွဲတဲ့အခါမှာ လွယ်ကူမြန်ဆန် ပါတယ်။  တကယ့်ကို စွမ်းဆောင်ရည် ကောင်းကောင်း နှင့် Client တွေအတွက် လုပ်ဆောင်ချက် မြန်ဆန်တဲ့ Web Application တွေ ဖန်တီးချင်ရင် လုံးဝ Stable ဖြစ်တဲ့ Framework တခုလည်းဖြစ်ပါတယ်။  Gems/Plugins(Packages) တွေ၊ API တွေလည်း Ruby on Rails အတွက် အလွယ်တကူ Internet ထဲမှာရနိုင်ပါတယ်။  Ruby on Rails Developer တွေဟာ အမြဲတမ်းစူးစမ်းပြီး တက်ကြွနေတဲ့အတွက် (အဲ့လူတွေ ပြောတာပဲ ^_^) Forum နှင့် Sharing တွေ လုပ်တဲ့ Community တွေထဲမှာ သိချင်တာကို အလွယ်တကူ မေးမြန်းလို့ရတဲ့အပြင် Resources တွေလည်း အစုံရနိုင်ပါတယ်။  အခုနောက်ပိုင်း Internet ထဲက Web Application တွေဟာ ဟိုးအရင်ကထက် ပိုပြီး Dynamic and Interactive ဖြစ်လာပါတယ် အဲ့ဒီလို Web Application တွေ ဖန်တီးဖို့ Ruby on Rails (RoR) ဟာလည်း ရွေးချယ်စရာ တခုအနေနဲ့ ဖြစ်လာပါတယ်။  သို့သော် Ruby on Rails ရဲ့ အားနည်းချက်ကတော့ တခြား Language တွေလို လေ့လာရ မလွယ်ကူတာပဲ ဖြစ်ပါတယ်။  သူ့ရဲ့ Syntax တွေဟာလည်း ပုံမှန် Langauge တွေထက် ရှုပ်ထွေးပါတယ်။  Programming ကို အခြေခံစလေ့လာတဲ့ သူတွေအနေနှင့် စတင်လေ့လာဖို့ မရွေးချယ်သင့်တဲ့ Language တခုပါ။  C & C++ (သို့) Java ကိုလေ့လာဖူးတဲ့ လူတွေသာလျှင် လေ့လာသင့်ပါတယ်။  Ruby on Rails (RoR) နောက်ဆုံး Version ကတော့ 4.0.0 ဖြစ်ပြီး Jun 25, 2013 နေ့က Released လုပ်ထားပါတယ်။  http://rubyonrails.org ကတော့ Official Website ပါ လိုအပ်တာတွေ Download ချချင်တာပဲဖြစ်ဖြစ် လေ့လာချင်တာပဲဖြစ်ဖြစ် လေ့လာလို့ရပါတယ်။  RoR နှင့် ဖန်တီးရေးသားထားတဲ့ နာမည်ကြီး Web Application တွေကတော့...


နောက်ပြီး Ruby on Rails နှင့်ပတ်သတ်တဲ့ plug-ins, gems, tools, resources နှင့် RoR နှင့်ရေးသားထားတဲ့ CMS စတာတွေကို https://www.ruby-toolbox.com Website မှာ တော်တော်လေး ပြည့်စုံစွာ Ruby Developer တွေ
တင်ထားတာတွေ့နိုင်ပါတယ်။  RoR နှင့်ရေးသားထားပြီး လက်ရှိအသုံးများတဲ့ CMS တွေကတော့...


Programming မှာ လေ့လာရခက်တာကို စိတ်ဝင်တစား လေ့လာပြီးတတ်ထား၊ သိထားတဲ့လူက လုပ်ငန်းခွင်တခုမှာဆိုရင် လစာကောင်းကောင်း ရနိုင်သလို၊ RoR ဟာ တကယ့်ကို Stable ဖြစ်တဲ့ Programming တခုဖြစ်တဲ့ အတွက် လေ့လာထားသင့်တဲ့ Language တခုဖြစ်ပါကြောင်းနှင့် အချိန်ရရင် လေ့လာကြည့်ကြဖို့ တိုက်တွန်းလိုက်ပါရစေ....

(မှတ်ချက် October 21, 2013 နေ့က ဖေ့ဘွတ်မှာ ရေးခဲ့သည့်မှတ်စုဖြစ်ပါသည်။)

မှတ်စုရေးသူအကြောင်း

sagaing / Software Engineer

နာမည်အရင်းမှာ လှိုင်မင်းထက်ဖြစ်ပြီး၊ ကိုစစ်ကိုင်းဆိုသည့် နာမည်ပြောင်နှင့် မိတ်ဆွေ၊ သူငယ်ချင်းများက ရင်းနှီးစွာခေါ်ကြပါသည်။ ယခင်ကမြန်မာနိုင်ငံတွင် သင်ကြားရေး နှင့် Software Development လုပ်ငန်းများတွင် ဝင်ရောက်လုပ်ကိုင်ခဲ့ပြီး၊ ယခုလက်ရှိမှာ စင်ကာပူနိုင်ငံရှိ နည်းပညာကုမ္ပဏီတစ်ခုတွင် ဝင်ရောက်လုပ်ကိုင်နေပါသည်။

0 ခုမှတ်ချက်ပေးထားတယ်။:

Post a Comment

ကိုစစ်ကိုင်း၏ မှတ်စုများ. Powered by Blogger.