Jan 1, 2017

Card Present နှင့် Card Not Present ဘယ်လိုခြားနားလည်း။

sagaing
Payment စနစ်တွေမှာ တချို့စနစ်တွေက ဝယ်သူအနေဖြင့် သူ၏ Card ကို ရောင်းသူကို ပြဖို့လိုအပ်ပြီး တချို့စနစ်တွေက ရောင်းသူကို ပြဖို့မလိုအပ်ပါဘူး၊။  အဲ့ဒီ အခြေအနေပေါ်မှာ မူတည်ပြီး Transaction လုပ်တဲ့ ပုံစံကို Card Present (CP) နှင့် Card Not Present (CNP) လို့ခေါ်ပါတယ်။  

Card Present Payment (CP)


CP အနေနှင့်တွေ့မြင်နိုင်သော Payment ပုံစံများ
၁) Chip and Pin (ကဒ်နှင့် မိမိ၏ PIN ရိုက်ထည့်ပေးရသည့် ပုံစံ)
၂) Chip and Signature (ကဒ်နှင့် မိမိ၏လက်မှတ်ရေးထိုးပေးရသည့် ပုံစံ)
၃) MSR (MSR ကဒ်ကို Reader ထဲမှာ Strip (ကဒ်အစွန်းတစ်ဖက်မှ ထည့်ပြီးဆွဲသည်။) လုပ်ပြီးပေးရသည့် ပုံစံ)
၄) Contactless (ဥပမာ  ApplePay)

Card Not Present (CNP)
CNP အနေနှင့် တွေ့မြင်နိုင်သော Payment ပုံစံများ
၁) Mail Order (ကဒ်နံပါတ်ကို Order မှာမည့် Form မှာထည့်ပေးပြီး မှာသည့် ပုံစံ)
၂) Phone Order (ကဒ်နံပါတ်ကို ဖုန်းထဲမှ ရောင်းသူကိုပြောပြီး Order မှာသည့် ပုံစံ)
နံပါတ် (၁) နှင့် နံပတ် (၂) ပုံစံများမှာ အရင်ကအသုံးပြုခဲ့သည့် ပုံစံများသာဖြစ်သည်။
၃) Online Payment (အင်တာနက်မှတဆင့် ငွေပေးချေသည့် ပုံစံ)

မှတ်စုရေးသူအကြောင်း

sagaing / Software Engineer

နာမည်အရင်းမှာ လှိုင်မင်းထက်ဖြစ်ပြီး၊ ကိုစစ်ကိုင်းဆိုသည့် နာမည်ပြောင်နှင့် မိတ်ဆွေ၊ သူငယ်ချင်းများက ရင်းနှီးစွာခေါ်ကြပါသည်။ ယခင်ကမြန်မာနိုင်ငံတွင် သင်ကြားရေး နှင့် Software Development လုပ်ငန်းများတွင် ဝင်ရောက်လုပ်ကိုင်ခဲ့ပြီး၊ ယခုလက်ရှိမှာ စင်ကာပူနိုင်ငံရှိ နည်းပညာကုမ္ပဏီတစ်ခုတွင် ဝင်ရောက်လုပ်ကိုင်နေပါသည်။

0 ခုမှတ်ချက်ပေးထားတယ်။:

Post a Comment

ကိုစစ်ကိုင်း၏ မှတ်စုများ. Powered by Blogger.