Jun 19, 2022

Web 1.0 Web 2.0 Web 3.0

sagaing


ကျွန်တော်တို့ အသုံးပြုနေတဲ့ INTERNET က Web Technology တွေနှင့် အလုပ်လုပ်တယ်။ ဒါကြောင့် သူတို့ကို Generation အလိုက် Web 1.0 ၊ Web 2.0 ၊ Web 3.0 ဆိုပြီးတော့ ခေါ်ကြတယ်။ အခုဆိုရင် INTERNET ကို Third Generation (Web 3.0) Web Technology တွေနှင့် ပြောင်းလဲအလုပ်လုပ်ဖို့ ခြေလှမ်းပြင်နေပြီဖြစ်တယ်။ 

Web 1.0 ဆိုတာဘာလဲ။

First Generation ကို Web 1.0 လို့ခေါ်ကြတယ်။ INTERNET ကြည့်ဖို့ Netscape သို့မဟုတ် IE (Internet Explorer) ဆိုတဲ့ Software နှစ်ခုကို အဓိက အသုံးပြုခဲ့ကြတယ်။ (အနားယူသွားတဲ့ IE ကို ဂုဏ်ပြုပါတယ်။) Web 1.0 မှာ Website တွေဟာ Static တွေ အနေနှင့်ဖြစ်ပြီးတော့ Content အမျိုးအစားကလည်း စာတွေနှင့်ပုံတွေပဲ အဓိကပါတယ်၊ ဒါကြောင့် Website ထဲမှာပါတာကို ဖတ်လို့၊ ကြည့်လို့ပဲရတယ်။ Website ထဲက အကြောင်းအရာတွေနှင့် ပတ်သက်ပြီး ကိုယ့်အမြင်ကို Comment ရေးတာ၊ ဆဲတာ၊ ဆိုတာတွေ လုပ်နိုင်တဲ့ နည်းပညာ မရှိသေးဘူး။ ဒါကြောင့် Web 1.0 ကို Read Only Web လို့ခေါ်တယ်။ Website တွေဖန်တီးဖို့ HTML (Hyper Text Markup Language) ကို အဓိက အသုံးပြုခဲ့ကြတယ်။ ဖန်တီးထားတဲ့ Website ကိုလည်း INTERNET ပေါ်လူတိုင်း အလွယ်တကူ တင်လို့မရဘူး။ Web 1.0 တုန်းက ထင်ရှားခဲ့တဲ့ Website တစ်ခုဆိုရင် Yahoo ပဲဖြစ်တယ်။ 

Web 2.0 ဆိုတာဘာလဲ။

Web 2.0 ကို Blog ၊ Email ၊ Forum ဆိုတာတွေနှင့် စတင်ခဲ့တယ်။ စဆရက လုပ်ပြီး “ငါဟဲ့! စဆရက” ဆိုပြီး INTERNET ပေါ်မှာ ကိုယ်ပြောချင်တာ စတင်ပြီး ပြောလို့ရလာတယ်။ အဲ့ဒီအချိန်တုန်းက Blogger ဆိုတာ နည်းပညာသမားလိုလို၊ စာရေးဆရာလိုလို၊ ကဗျာဆရာလိုလို ဖြစ်ခဲ့တဲ့ခေတ်၊ Forum ထဲမှာ စဆရက လုပ်ပြီး နေရာတကာ ဝင်ပါလို့ရတဲ့ ခေတ်ပေ့ါ၊ အဲ့ဒီကနေ စလိုက်တာ facebook ၊ twitter ၊ messenger ၊ telegram အထိ အပြန်အလှန် အမြင်ချင်းဖလှယ်နိုင်တာ၊ စောက်ခွက်ကြည့်ပြီး အွန်လိုင်းကနေ ဆဲလို့ရတာအထိဟာ Web 2.0 နည်းပညာတွေကြောင့်ဖြစ်တယ်။ ဒါကြောင့် Web 2.0 ဟာ Read Only တစ်ခုတည်း မဟုတ်တော့ပဲ၊ INTERNET ပေါ်တက်ပြီး Write ချင်တာ Write လို့ရတဲ့အထိ ဖြစ်လာတယ်။ Web Hosting လုပ်တဲ့ Service တွေ၊ Cloud တွေ စသည်ဖြင့် အများအပြားရှိလာတယ်၊ ဒါကြောင့် Website ၊ Blog တွေကို အလွယ်တကူပဲ INTERNET ပေါ်တင်နိုင်လာတယ်။ ဒီလိုနှင့် INTERNET ထဲမှာရှိတဲ့ Data တွေက နေရာတစ်ခုတည်းကနေ အချက်အလက်တွေကို ပြန်လည်ဖြန့်ဝေပေးတဲ့ Centralized ပုံစံဖြစ်လာတယ်။ Website ဖန်တီးနိုင်တဲ့ နည်းပညာတွေလည်း အများအပြား ပေါ်ထွက်လာတယ်၊ အဲ့ဒီထဲမှာ Javascript Framework တွေကို အများဆုံး အသုံးပြုလာတာတွေ့ရတယ်။ Web 2.0 မှာ Data ရဲ့အရေးပါမှု၊ အသုံးဝင်မှု၊ Privacy ၊ Copyright စတာတွေနှင့် ပတ်သက်လို့ အလေးထားစရာ၊ စိုးရိမ်စရာတွေ အများကြီးရှိလာတယ်။ 

Web 3.0 ဆိုတာဘာလဲ။

Data နှင့်ပတ်သက်တဲ စိုးရိမ်စရာတွေကို Web 3.0 မှာဖြေလျှော့နိုင်လိမ့်မယ်၊ ဘာလို့လည်းဆိုတော့ Web 3.0 မှာ Data Processing Cycle ကို Blockchain Technology (သို့မဟုတ်) Decentralize Protocol ပေါ်မှာ အခြေခံထားလို့ဖြစ်တယ်။ Block ဆိုတာ Data အစုတစ်ခုဖြစ်ပြီးတော့၊ Block တစ်ခုဟာ၊ အခြား Block တစ်ခုနှင့် ချိတ်ဆက်ထားလို့ Blockchain လို့ခေါ်တယ်။ Blockchain ကို Database အနေနှင့် မြင်နိုင်တယ်။ Block တစ်ခုထဲက Data ဟာ Transaction တစ်ခုလည်း ဖြစ်နိုင်တယ်၊ Post တစ်ခုလည်းဖြစ်နိုင်တယ်၊ Comment တစ်ခုလည်းဖြစ်နိုင်တယ်၊ Computer Program Code လည်း ဖြစ်နိုင်တယ်၊ Medical Record တစ်ခုလည်း ဖြစ်နိုင်တယ်။ Block တစ်ခုဖန်တီးလိုက်ရင် Digital Signature တစ်ခုထုတ်တယ်၊ အဲ့ဒီ Digital Signature က၊ နောက် ဖန်တီးတဲ့ Block နှင့် ချိတ်ဆက်တယ်။ နမူနာ ဒီမှာ လုပ်ကြည့်လို့ရတယ်။ Blockchain ထဲရောက်သွားတဲ့ Data ကို ပြင်တာ၊ ဖျက်တာ အလွယ်တကူလုပ်လို့မရဘူး။ Blockchain နည်းပညာက Decentralized ပုံစံနှင့် Data တွေကို Distribute လုပ်ပေးတယ်၊ ဒါကြောင့်မို့ Web 2.0 မှာလို သီးသန့် Server ဆိုတာ မရှိတော့ပဲ၊ Node တွေ စုပေါင်းပြီးတော့ အလုပ်လုပ်တဲ့ ပုံစံမျိုးဖြစ်သွားတယ်။ အဲ့ဒီ Node တွေကပဲ Blockchain Network ထဲက Process တစ်ခုကို အတည်ပြုတာ၊ ပယ်ဖျက်တာမျိုးတွေ လုပ်နိုင်တယ်။ Node ဆိုတာက အိမ်မှာသုံးနေတဲ့ ကွန်ပျူတာလည်း ဖြစ်နိုင်သလို၊ Cloud ပေါ်က Virtual Machine ကလည်း Node တစ်ခုဖြစ်နိုင်တယ်။ Computer တစ်လုံးကို Blockchain Network ထဲက Node တစ်ခုအနေနှင့် အသုံးပြုခွင့် ပေးထားတယ်ဆိုရင်၊ အဲ့ဒီအတွက် အခကြေးငွေအဖြစ် Cryptocurreny (သို့မဟုတ်) Token ရတယ်။ အဲ့ဒါကို အစိုးရထုတ်ငွေ (Fiat Currency) နှင့် Exchange လုပ်လို့ရတယ်။ လက်ရှိအသုံးပြုနေတဲ့ App တွေလည်း DApp (Decentralized Application) တွေ ဖြစ်သွားမယ်။ အထူးသဖြင့် App ရဲ့ နောက်ကွယ်က လုပ်ဆောင်ချက် (Backend) တွေ ပြောင်းသွားမှာဖြစ်တယ်။ ဥပမာ YouTube ကဲ့သို့ Odysee၊ DropBox ကဲ့သို့ FileCoin၊ Chrome ကဲ့သို့ Brave စသည့် App တွေက Blockchain အသုံးပြုထားတဲ့ App ဖြစ်တယ် (NUG Pay လည်း လာပြီလေ။)၊ Web 3.0 ထဲမှာ Blockchain နည်းပညာတစ်ခုတည်း ရှိတာမဟုတ်ဘူး။ AI (Artificial Intelligence)၊ ML (Machine Learning) ၊ VR (Virtual Relity) ၊ IoT (Internet of Things)၊ Cryptocurrency ကနေ Metaverse ဆိုတာထိ Web 3.0 ထဲမှာရှိမယ့် နည်းပညာတွေဖြစ်တယ်။ ဒါကြောင့် Web 3.0 ဟာ Write လုပ်နိုင်တာတစ်ခုတည်း မဟုတ်တော့ပဲ၊ ကိုယ် Write လုပ်လိုက်တဲ့ Data ကို ကိုယ်ပိုင်တာမျိုး ဖြစ်လာမယ်၊ Digital Assets ပိုင်ရှင်တွေဖြစ်လာမယ်၊ Open Data တွေ အများအပြားရှိလာမယ်၊ နည်းပညာတွေ ပေါင်းစပ်ထားပြီး Intelligent ဖြစ်တဲ့ Web 3.0 မကြာခင်မှာ ရောက်လာတော့မယ်။

မှတ်စုရေးသူအကြောင်း

sagaing / Software Engineer

နာမည်အရင်းမှာ လှိုင်မင်းထက်ဖြစ်ပြီး၊ ကိုစစ်ကိုင်းဆိုသည့် နာမည်ပြောင်နှင့် မိတ်ဆွေ၊ သူငယ်ချင်းများက ရင်းနှီးစွာခေါ်ကြပါသည်။ ယခင်ကမြန်မာနိုင်ငံတွင် သင်ကြားရေး နှင့် Software Development လုပ်ငန်းများတွင် ဝင်ရောက်လုပ်ကိုင်ခဲ့ပြီး၊ ယခုလက်ရှိမှာ စင်ကာပူနိုင်ငံရှိ နည်းပညာကုမ္ပဏီတစ်ခုတွင် ဝင်ရောက်လုပ်ကိုင်နေပါသည်။

0 ခုမှတ်ချက်ပေးထားတယ်။:

Post a Comment

ကိုစစ်ကိုင်း၏ မှတ်စုများ. Powered by Blogger.