Aug 7, 2023

XRP ရဲ့တစ်စိတ်တစ်ပိုင်း အောင်ပွဲ

sagaing
Photo:CreditUS Securities and Exchange Commission (SEC) က Ripple ကုမ္ပဏီ (XRP Token ဖန်တီးထုတ်လုပ်တဲ့ ကုမ္ပဏီ) ကို 2020 ခုနှစ်မှာ အမှုဖွင့် တရားစွဲဆိုခဲ့တယ်။ အဓီက အကြောင်းအရင်းက ဘာလဲဆိုတော့ 2013 ခုနှစ်တုန်းက Ripple ကုမ္ပဏီဟာ XRP အတွက် Initial Public Offering (IPO) လုပ်တော့ XRP Token တွေကို Investor တွေဆီရောင်းချခဲ့တယ်၊ XRP Token က Security (ဥပမာ Stock ကဲ့သို့ ရောင်း/ဝယ်လုပ်နိုင်ပြီး ငွေကြေးကဲ့သို့ပိုင်ဆိုင်မှု) တစ်ခုဖြစ်နေလို့ SEC မှာ Register မလုပ်ထားပဲ IPO လုပ်ခဲ့တာကြောင့်လို့ စွပ်စွဲခဲ့တယ်၊ နောက်ပြီး ...

Jun 21, 2022

El Salvador နှင့် Bitcoin

sagaing
(11/September/2021) နေ့က ဖဘမှာတင်ခဲ့တဲ့ Post ဖြစ်ပါတယ်။နိုင်ငံတစ်နိုင်ငံရဲ့ငွေကြေးစနစ်ဟာ နိုင်ငံရဲ့တည်ငြိမ်မှု၊ ဖွံဖြိုးတိုးတက်မှုပေါ်မူတည်ပြီးတော့ အပြောင်းအလဲဖြစ်လေ့ရှိတယ်။ နိုင်ငံမတည်မငြိမ်ဖြစ်ရင်၊ စီမံခန့်ခွဲမှုမကောင်းရင် ငွေကြေးလည်းဖောင်းပွလာပြီးတော့ နောက်ပိုင်း ရေရှည်မထိန်းချုပ်နိုင်တဲ့အခါမှာ နိုင်ငံရဲ့ငွေကြေးစနစ်ပြိုလဲသွားတဲ့အထိ ဖြစ်လေ့ရှိတယ်။ တချို့နိုင်ငံတွေဆို နိုင်ငံရဲ့ကိုယ်ပိုင်ငွေကြေးစနစ်ပြိုလဲသွားလို့ US$ ကိုပဲအသုံးပြုနေရတဲ့ နိုင်ငံတွေရှိတယ်။ Latin America မှာ အသေးဆုံးနိုင်ငံဖြစ်တဲ့ ...

Jun 19, 2022

Web 1.0 Web 2.0 Web 3.0

sagaing
ကျွန်တော်တို့ အသုံးပြုနေတဲ့ INTERNET က Web Technology တွေနှင့် အလုပ်လုပ်တယ်။ ဒါကြောင့် သူတို့ကို Generation အလိုက် Web 1.0 ၊ Web 2.0 ၊ Web 3.0 ဆိုပြီးတော့ ခေါ်ကြတယ်။ အခုဆိုရင် INTERNET ကို Third Generation (Web 3.0) Web Technology တွေနှင့် ပြောင်းလဲအလုပ်လုပ်ဖို့ ခြေလှမ်းပြင်နေပြီဖြစ်တယ်။ Web 1.0 ဆိုတာဘာလဲ။First Generation ကို Web 1.0 လို့ခေါ်ကြတယ်။ INTERNET ကြည့်ဖို့ Netscape သို့မဟုတ် IE (Internet Explorer) ဆိုတဲ့ Software နှစ်ခုကို အဓိက အသုံးပြုခဲ့ကြတယ်။ (အနားယူသွားတဲ့ IE ကို ဂုဏ်ပြုပါတယ်။) ...

Jun 26, 2017

HL7 Message ဆိုတာဘာလဲ။

sagaing
(HL7 Wiki မှ ပုံဖြစ်ပါသည်။) နည်းပညာတွေကို သက်ဆိုင်ရာနယ်ပယ်ထဲမှာ ထည့်သွင်းအသုံးပြုကြတဲ့အခါ အဲ့ဒီနယ်ပယ်အတွက် ဖန်တီးထားတဲ့ စနစ်တွေဟာ တစ်ခုထက်မကရှိနိုင်ပါတယ်။  အဲ့ဒီစနစ်တွေဟာ မတူညီတဲ့ အဖွဲ့အစည်းတွေ၊ နည်းပညာတွေနှင့် ထုတ်လုပ်ထားလေ့ရှိကြတယ်၊ နောက်ပြီး စနစ်တွေဟာ သီးသန့်တည်ရှိနေလို့မရသလို၊ စနစ်တစ်ခုနှင့်တစ်ခု အပြန်အလှန်ဆက်သွယ်ပြီးလည်း လုပ်ဆောင်နေကြရတယ်။  ယင်းကဲ့သို့စနစ်တွေ အပြန်အလှန်ဆက်သွယ်ပြီး လုပ်ဆောင်နိုင်တာက Standard လို့ခေါ်တဲ့ စံသတ်မှတ်ချက်တွေကြောင့်ဖြစ်တယ်။  အဲ့ဒီ စံသတ်မှတ်ချက်တွေထဲမှာ ...

May 20, 2017

.Net Core ဆိုတာဘာလဲ။

sagaing
.Net ဆိုတာ ယခင်က Windows ပေါ်မှာပဲ အလုပ်လုပ်နိုင်တဲ့ Programming Language တစ်ခုလို့နားလည်ထားကြပေမယ့်၊ .Net Core ပေါ်လာတဲ့အခါမှာတော့ ဒီနားလည်မှုဟာမှန်ကန်မှု မရှိတော့ပါဘူး။  ဘာလို့လည်းဆိုတော့ .Net ဟာ Cross Platform တစ်ခုဖြစ်လာလို့ပါပဲ။  Cross Platform ဖြစ်တဲ့အတွက်မည်သည့် OS မှာမဆို (လက်ရှိအချိန်ထိတော့ Windows, Linux, MacOS ၃မျိုးကို ထောက်ပံ့ပေးထားပါတယ်။) အလုပ်လုပ်နိုင်တဲ့အတွက်ကြောင့်ဖြစ်တယ်။  .Net Core ဟာ Cross Platform ဖြစ်တဲ့အပြင် ၄င်းရဲ့ အခြားနောက်ထပ် ထူးခြားတဲ့လက္ခဏာတွေကတော့... Open ...
Pages (16)1234567 »
ကိုစစ်ကိုင်း၏ မှတ်စုများ. Powered by Blogger.