Jan 31, 2017

'Ajax' does not exist in the namespace 'System.Web.Mvc' Error ဖြစ်ခြင်း

sagaing
ASP.Net MVC Empty Project တစ်ခုကိုယူလိုက်တဲ့အခါ Project ထဲမှာပါလာတဲ့ System.Web.Mvc Assembly ဖိုင်ဟာ Old Version ဖြစ်နေခဲ့ရင် Application ကို Run လိုက်တဲ့အခါမှာ အောက်ပါ Error ဖြစ်လေ့ရှိပါတယ်။  အကယ်၍ Empty Project မဟုတ်ပဲ MVC Web Application ဆိုရင်တော့ Error မဖြစ်ပါဘူး။  ဘာလို့လည်းဆိုတာ့ Assembly File ဟာ Updated ဖြစ်တဲ့ File ပါလာလို့ပါ။

ဖြေရှင်းနည်း (၁)
၁) Manage NuGets Package for Solutions ကိုသွားပါ။
၂) Microsoft ASP.NET MVC Package ကို Install လုပ်ပေးလိုက်ပါ။

ဖြေရှင်းနည်း (၂)
၁) Package Manager Console ကိုသွားပါ။
၂) Uninstall-Package Microsoft.AspNet.Mvc Command နှင့် လက်ရှိရှိနေတဲ့ Assembly File ကို Uninstall လုပ်လိုက်ပါ။
၃) Install-Package Microsoft.AspNet.Mvc Command နှင့် Install ပြန်လုပ်လိုက်ပါ။

အဲ့ဒီနည်းလမ်း (၂) ခုထဲကတစ်နည်းနည်းနှင့် ဖြေရှင်းပြီးသွားရင် MVC Assembly File Update ဖြစ်သွားတဲ့အတွက် Error ရှင်းသွားပါလိမ့်မယ်။

မှတ်စုရေးသူအကြောင်း

sagaing / Software Engineer

နာမည်အရင်းမှာ လှိုင်မင်းထက်ဖြစ်ပြီး၊ ကိုစစ်ကိုင်းဆိုသည့် နာမည်ပြောင်နှင့် မိတ်ဆွေ၊ သူငယ်ချင်းများက ရင်းနှီးစွာခေါ်ကြပါသည်။ ယခင်ကမြန်မာနိုင်ငံတွင် သင်ကြားရေး နှင့် Software Development လုပ်ငန်းများတွင် ဝင်ရောက်လုပ်ကိုင်ခဲ့ပြီး၊ ယခုလက်ရှိမှာ စင်ကာပူနိုင်ငံရှိ နည်းပညာကုမ္ပဏီတစ်ခုတွင် ဝင်ရောက်လုပ်ကိုင်နေပါသည်။

0 ခုမှတ်ချက်ပေးထားတယ်။:

Post a Comment

ကိုစစ်ကိုင်း၏ မှတ်စုများ. Powered by Blogger.