May 6, 2011

Setup Android Application Development on Eclipse

sagaing

ကဲ အခုတော့ Note ထဲမှာ မှတ်ပြီးသိမ်းထားဖြစ်ပါပြီ။  လူကပျင်းနေတာနဲ့ ရေးမမှတ်ဖြစ်ဘူး ဖြစ်နေတယ်။  ကျွန်တော် က Mobile OS ထဲမှာ Android ကိုအကြိုက်ဆုံးပါ။  ဘာလို့ ကြိုက်ရလည်းဆိုတော့ Open Source ဖြစ်လို့ရယ်။  Java ကို ကြိုက်လို့ရယ်။  Free apps တွေဟာ iPhone တွေထက်အများကြီးရှိလို့ရယ်။  ပြီးတော့ Google ရဲ့ နည်းပညာ တစ်ခုဖြစ်လို့ရယ်။  Development လုပ်ဖို့ ကုန်ကျစရန် သက်သာတာရယ်ေကြာင့်ပါ။  Android Application Development လုပ်ဖို့ ဒါတွေလိုပါတယ်။  Download လုပ်ရပါ့မယ်။

၁) JDK (JDK 1.6 Update 18 or latest)
၂) Eclipse
Android နှင့်ပတ်သတ်ပြီး အကျယ်တဝင့် လေ့လာချင်ပါက ဒီမှာ လေ့လာလို့ရပါတယ်။
တို့ပဲဖြစ်ပါတယ်။  Open Source တွေဖြစ်တဲ့အတွက် Development Environment က Developer တွေပါ်မူတည်ပြီးကွဲပြားမှု ရှိနိုင်ပါတယ်။  အခုကတော့ Eclipse IDE ကိုသုံးတဲ့ လူတွေအတွက် ဖြစ်ပါတယ်။


ကျွန်တော့်စက်ကတော့ JavaFx ကိုတင်ထားပါတယ်။  JavaFx က JDK ပါ ပါပြီးတော့ နောက်ပိုင်း Java ရဲ့စွမ်းရည်တွေကို ကောင်းကောင်း လုပ်ဆောင်ပြသနိုင်မယ့် နည်းပညာတစ်ခုပါ။  JavaFx အေကြာင်းကို ဒီမှာ လေ့လာလို့ရပါတယ်။



Eclipse ကတော့ ကျွန်တော့် Eclipse Classic ကိုသုံးပါတယ်။


Android SDK ကတော့ ကျွန်တော့် စက်က Window Platform ဆိုတော့ .exe (Installer) ဖိုင်ကိုပဲ သုံးပါတယ်။  ဒါတွေ Download လုပ်ပြီးပြီဆိုရင် Java ကို Install လုပ်။  ပြီးလျှင် Java အတွက် Environment Variable တွေသတ်မှတ်ပေးရပါမယ်။  အောက်ပါ Link အတိုင်း သတ်မှတ်ပါ။  Environment Variables ဆိုတာ OS တစ်ခုအတွက် လိုအပ်တဲ့ လုပ်ဆောင်ချက်တွေ ပါဝင်တဲ့ Command String တွေပါ။  အခု Java အတွက် သတ်မှတ်လိုက်တဲ့အတွက် OS ထဲမှာ Java ကို လွတ်လပ်စွာ အလုပ်လုပ်နိုင်အောင် သတ်မှတ်ပေးလိုက်တဲ့ သဘောပါပဲ။


Java အတွက်ပြီးသွားပြီဆိုရင် Eclipse ကို Install လုပ်ပါမယ်။  သူကတော့ မခက်ပါဘူး Download လုပ်ထားတဲ့ Eclipse Zip File ကို Unzip လုပ်ပြီးEclipse Folder လေကို C:\> အောက်မှာဖြစ်ဖြစ် C:\Program Files\ အောက်မှာဖြစ်ဖြစ် ထည့်လိုက်ပြီး Eclipse Shortcut လေးကို Desktop ပေါ်လှမ်းတင်လိုက်ရုံပါပဲ။  ပြီးရင် Eclipse နှင့် Java အချိတ်အဆက်မိဖို့ အောက်ပါတို့ကို သတ်မှတ်ပေးရပါမယ်။  (တစ်ခု သတိထားရမှာက Java က 32bit ဆို Eclipse ကလည်း 32bit ဖြစ်ရပါမယ်။)

၁) Eclipse ကိုဖွင့်ပါ။
၂) Window > Preferences ပြီးရင် Java > Installed JREs မှာ Version ကို ရွေးပါ။
၃) Java > Compiler မှာ Compiler Compliance Level မှာ သက်ဆိုင်ရာ Java Compiler Version ကိုရွေးပါ။
၄) ပြီးရင် OK

ဒါတွေပြီးရင်တော့ Eclipse ဟာ Java နှင့်အလုပ်လုပ် နိုင်ပါပြီ။
ကဲ နောက်ဆုံး Android SDK ကို Install လုပ်ပါတော့မယ်။  Android SDK ကို Install လုပ်တာ အချိန်တော်တော် ကြာပါတယ်။  Install လုပ်ပုံ အသေးစိတ်ကို အောက်ပါ Link မှာ လေ့လာနိုင်ပါတယ်။  Eclipse နှင့်ချိတ်ဆက် ပုံပါ ဖေါ်ပြထားပါတယ်။


Eclipse ထဲမှာ Android Development Tools (ADT Plugin) များ Download လုပ်ခြင်း။
၁) Eclipse ကိုဖွင့်ပါ။

၂) Help > Install New Software... ကိုသွားပါ။
၃) In Available Software dialog မှာ Add ကိုနှိပ်ပါ။
၄) Add dialog: Name မှာ Android Plugin, Location မှာ https://dl-ssl.google.com/android/eclipse/ 
ထည့်ပြီး OK နှိပ်ပါ။  အကယ်လို့ ဒီ Link မှာ Download လုပ်ဖို့ အဆင်မပြေဘူးဆိုရင် https အစား http ကိုပြောင်းသုံးကြည့်ပါ။


၄) Application Dialog Box ထဲမှာရှိတဲ့ Check Box ကိုရွှေးပြီး Next နှင့်ဆက်သွားပါ။
၅) နောက်တဆင့်မှာ လိုအပ်တဲ့ Tools တွေကို Download လုပ်ပြီး Install လုပ်ပြီးရင် Next နှင့်ဆက်သွားပါ။


၆) ပြီးရင် license agreements တွေကိုဖတ်ပြီး Finish လုပ်ပါ။
၇) အားလုံးပြီးသွားပါက Eclipse Restart ဖြစ်ပါလိမ့်မယ်။

Configuring the ADT Plugin
၁) Eclipse ထဲက Window > Preferences... ကိုသွားပါ။
၂) Android ကို Select လုပ်ပြီး ညာဘက်က SDK Location မှာ မိမိစက်ထဲမှာ Install လုပ်ထားတဲ့ Android SDK Location ကို Browse နှင့်ရွှေးပေးပါ။
ဥပမာ။ C:\Program Files\Android\android-sdk
၃) Apply ကိုနှိပ်ပြီး OK ကို နှိပ်ပါ။

ယခုလုပ်ဆောင်ချက်များ လုပ်ဆောင်ပြီးပါက Eclipse မှာ Android Mobile Programs တွေ Develop လုပ်လို့ရပါပြီ။

Development လုပ်လို့ရမရ စမ်းကြည့်ခြင်း။
၁) Eclipse ထဲမှာ File > New > Project... အောက်မှာ ပြထားတဲ့ Dialog Box အတိုင်း ထွက်လာတယ်ဆိုရင် အခြေအနေကာင်းပါပြီ Develop လုပ်လို့ရပါပြီ။


ကိုးကား: INTERNET

ကိုစစ်ကိုင်း

မှတ်စုရေးသူအကြောင်း

sagaing / Software Engineer

နာမည်အရင်းမှာ လှိုင်မင်းထက်ဖြစ်ပြီး၊ ကိုစစ်ကိုင်းဆိုသည့် နာမည်ပြောင်နှင့် မိတ်ဆွေ၊ သူငယ်ချင်းများက ရင်းနှီးစွာခေါ်ကြပါသည်။ ယခင်ကမြန်မာနိုင်ငံတွင် သင်ကြားရေး နှင့် Software Development လုပ်ငန်းများတွင် ဝင်ရောက်လုပ်ကိုင်ခဲ့ပြီး၊ ယခုလက်ရှိမှာ စင်ကာပူနိုင်ငံရှိ နည်းပညာကုမ္ပဏီတစ်ခုတွင် ဝင်ရောက်လုပ်ကိုင်နေပါသည်။

1 ခုမှတ်ချက်ပေးထားတယ်။:

ကိုစစ်ကိုင်း၏ မှတ်စုများ. Powered by Blogger.