ကဲ အခုတော့ Note ထဲမှာ မှတ်ပြီးသိမ်းထားဖြစ်ပါပြီ။ လူကပျင်းနေတာနဲ့ ရေးမမှတ်ဖြစ်ဘူး ဖြစ်နေတယ်။ ကျွန်တော် က Mobile OS ထဲမှာ Android ကိုအကြိုက်ဆုံးပါ။ ဘာလို့ ကြိုက်ရလည်းဆိုတော့ Open Source ဖြစ်လို့ရယ်။ Java ကို ကြိုက်လို့ရယ်။ Free apps တွေဟာ iPhone တွေထက်အများကြီးရှိလို့ရယ်။ ပြီးတော့ Google ရဲ့ နည်းပညာ တစ်ခုဖြစ်လို့ရယ်။ Development လုပ်ဖို့ ကုန်ကျစရန် သက်သာတာရယ်ေကြာင့်ပါ။ Android Application Development လုပ်ဖို့ ဒါတွေလိုပါတယ်။ Download လုပ်ရပါ့မယ်။
၁) JDK (JDK 1.6 Update 18 or latest)
၂) Eclipse
၃) Android SDK
Android နှင့်ပတ်သတ်ပြီး အကျယ်တဝင့် လေ့လာချင်ပါက ဒီမှာ လေ့လာလို့ရပါတယ်။
တို့ပဲဖြစ်ပါတယ်။ Open Source တွေဖြစ်တဲ့အတွက် Development Environment က Developer တွေပါ်မူတည်ပြီးကွဲပြားမှု ရှိနိုင်ပါတယ်။ အခုကတော့ Eclipse IDE ကိုသုံးတဲ့ လူတွေအတွက် ဖြစ်ပါတယ်။
တို့ပဲဖြစ်ပါတယ်။ Open Source တွေဖြစ်တဲ့အတွက် Development Environment က Developer တွေပါ်မူတည်ပြီးကွဲပြားမှု ရှိနိုင်ပါတယ်။ အခုကတော့ Eclipse IDE ကိုသုံးတဲ့ လူတွေအတွက် ဖြစ်ပါတယ်။
ကျွန်တော့်စက်ကတော့ JavaFx ကိုတင်ထားပါတယ်။ JavaFx က JDK ပါ ပါပြီးတော့ နောက်ပိုင်း Java ရဲ့စွမ်းရည်တွေကို ကောင်းကောင်း လုပ်ဆောင်ပြသနိုင်မယ့် နည်းပညာတစ်ခုပါ။ JavaFx အေကြာင်းကို ဒီမှာ လေ့လာလို့ရပါတယ်။