May 16, 2011

Remote PC Access from Mobile

sagaing

Mobile Phone ကနေမိမိရဲ့ PC ကို Remote Access သုံးလို့ရတဲ့ 2X Client လို့ခေါ်တဲ့ app လေးပါ။  Android Market ထဲမှာ ရနိုင်သလို iProduct တွေ အတွက်လည်း ရှိပါတယ်။  တခါတလေ အပြင်ရောက်နေတုန်း Server ကိုသော်လည်းကောင်း၊ မိမိ ကွန်ပြူတာကို သော်လည်းကောင်း တစ်ခုခုလှမ်းပြီး Mobile Phone ကနေ Access လုပ်ရတာလွယ်ကူတဲ့အတွက် ကျွန်တော့်အတွက်ကတော့ တကယ့်ကို အဆင်ပြေစေပါတယ်။  2X Website မှာ သွားရောက် လေ့လာနိုင်ပါတယ်။

Configure လုပ်ပုံ


Connection အသစ်တစ်ခု ထည့်ခြင်း။


Alias က နာမည်ပါ Server Name (သို့) PC Name ပေါ့ ကြိုက်တဲ့ အမည်တစ်ခုခု ပေးလို့ရပါတယ်။
Server ကတော့ Server (သို့) PC ရဲ့ IP Address ပါ။
Port ကတော့ Remote Access ဆိုရင် Port 3389 ပါ။
ပြီးရင် Save လုပ်ပြီး အောက်မှာပြထားတဲ့ အတိုင်း တွေ့ရပါလိမ့်မယ်။

မိမိ Connect လုပ်ချင်တဲ့ PC ကို အလွယ်တကူ လှမ်းပြီး လုပ်လို့ရပါပြီ။  အောက်မှာ ကျွန်တော်ကလိတဲ့ဖုန်းကနေ Server ကို လှမ်း Connect လုပ်ထားတဲ့ပုံပါ။  (ဧည့်သည်လက်သရုပ်ဆောင် ကိုဇေယျာကျော် :P)

မှတ်စုရေးသူအကြောင်း

sagaing / Software Engineer

နာမည်အရင်းမှာ လှိုင်မင်းထက်ဖြစ်ပြီး၊ ကိုစစ်ကိုင်းဆိုသည့် နာမည်ပြောင်နှင့် မိတ်ဆွေ၊ သူငယ်ချင်းများက ရင်းနှီးစွာခေါ်ကြပါသည်။ ယခင်ကမြန်မာနိုင်ငံတွင် သင်ကြားရေး နှင့် Software Development လုပ်ငန်းများတွင် ဝင်ရောက်လုပ်ကိုင်ခဲ့ပြီး၊ ယခုလက်ရှိမှာ စင်ကာပူနိုင်ငံရှိ နည်းပညာကုမ္ပဏီတစ်ခုတွင် ဝင်ရောက်လုပ်ကိုင်နေပါသည်။

0 ခုမှတ်ချက်ပေးထားတယ်။:

Post a Comment

ကိုစစ်ကိုင်း၏ မှတ်စုများ. Powered by Blogger.