Showing posts with label MobileTech. Show all posts
Showing posts with label MobileTech. Show all posts

May 16, 2011

Remote PC Access from Mobile

sagaing

Mobile Phone ကနေမိမိရဲ့ PC ကို Remote Access သုံးလို့ရတဲ့ 2X Client လို့ခေါ်တဲ့ app လေးပါ။  Android Market ထဲမှာ ရနိုင်သလို iProduct တွေ အတွက်လည်း ရှိပါတယ်။  တခါတလေ အပြင်ရောက်နေတုန်း Server ကိုသော်လည်းကောင်း၊ မိမိ ကွန်ပြူတာကို သော်လည်းကောင်း တစ်ခုခုလှမ်းပြီး Mobile Phone ကနေ Access လုပ်ရတာလွယ်ကူတဲ့အတွက် ကျွန်တော့်အတွက်ကတော့ တကယ့်ကို အဆင်ပြေစေပါတယ်။  2X Website မှာ သွားရောက် လေ့လာနိုင်ပါတယ်။

Configure လုပ်ပုံ

May 4, 2011

Photaf 3D Panorama

sagaing

Android Mobile Phone သုံးတဲ့သူတွေအတွက် 3D Panorama ရိုက်လို့ရတဲ့ apps တစ်ခုပါ Free version ရှိသလို ပိုက်ဆံနဲ့လည်း ဝယ်သုံးလို့ရတဲ့ Professional Version လည်းရှိပါတယ်။  ဒီ Photaf Website မှာ လေ့လာနိုင်ပါတယ် Android Phone အတွက်ပဲ ရှိပြီး iPhone အတွက် apps မရှိပါဘူး။  iPhone သုံးတဲ့သူတွေအတွက်ကတော့ Photosynth ဆိုတဲ့ apps လေးရှိပါတယ်။  ဒီ apps လေးလည်း 3D Panorama ရိုက်လို့ရပါတယ်။

 Panorama Photo

ကိုစစ်ကိုင်း

Jun 3, 2010

Qik Live Webcam For Android Phones

sagaing

Qik လို့ ‌ခေါ်တဲ့ Mobile Software ‌လေးက Android Platform ‌တွေမှာ "phonecasting (ဖုန်းဖြင့် ရုပ်သံထုတ်လွှင့်ခြင်း)" အတွက် အသုံးပြုဖို့ပါ။  ဒီ Software ‌လေးရဲ့ အလုပ်လုပ်ပုံက ဖုန်းကို Wi-Fi နှင့်ချိတ်ပြီး ဖုန်းမှတဆင့် Web site မှာ ရုပ်သံ ထုတ်လွှင့်‌ပေးတာ ဖြစ်ပါတယ်။  ဒီလုပ်ငန်းကိုအရင်က Windows Moblie Devices ‌တွေနဲ့ iPhone OS X ‌တွေမှာ Support လုပ်‌ပေးနိုင်ခဲ့ပါတယ် (အခု‌တော့ ရမရ မသိဘူး)။  ဒါက‌တော့ Google open source mobile OS အတွက်သီးသန့် Support လုပ်တဲ့ Software ‌လေးပါ။  ဒီ Qik app ကို Android Market (Android ဖုန်းများတွင်ပါ‌သော app များ Download လုပ်‌သောနေရာ)  မှာ Download လုပ်ယူနိုင်ပါတယ်။  ပြီးရင် Qik Website မှာ Account တစ်ခုလုပ် ဖို့လည်း လိုအပ်ပါတယ်။  ဒါ‌တွေလုပ်ပြီးရင်‌တော့ ဖုန်းက‌နေ Wi-Fi ရတဲ့ ဘယ်‌နေရာကမဆို ဖြစ်ပျက်‌နေတာ မှန်သမျှကို Live လွှင့်တင်လို့ရပါပြီ။

ကျွန်‌တော်ရဲ့ Live Channel ကိုသွားချင်ရင် http://qik.com/sagaing ဒီ Link က‌နေသွားပြီး ကျွန်‌တော် Live ထုတ်လွှင့်မယ့် အေကြာင်းအရာ‌တွေကို ကြည့်လို့ရပါတယ်။  အရင်ကလွှင့်ပြီးသားဟာ‌တွေကိုလည်း ပြန်ကြည့်လို့ရပါတယ် ‌တော်တော် စိတ်ဝင်စားစရာ ‌ကောင်းတဲ့ Site ‌လေးပါ။

ဒါ ကျွန်‌တော်ရဲ့ Live Channel က‌နေ စမ်းသပ် ထုတ်လွှင့်ထားတဲ့ Video တစ်ခုပါ။



ကိုစစ်ကိုင်း၏ မှတ်စုများ. Powered by Blogger.